အမှတ်တရ

128 8 13
                                    

 

       နှစ်သစ်ကူးလို့ အချစ်ဦးကို ရှာဖွေ
ဘယ်အရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့်...

   လမ်းထိပ်က အုန်းလက်မဏ္ဍာပ်ငယ်ကနေ့
ထွက်ပေါ်လာသည် သီချင်းသံ။ ဒီအချိန်ရောက်တိုင်း အတွေးတို့သည် ပျံလွှင့်မြဲ။ အမှတ်တရသည် 
အတိတ်တစ်ခုဆိုပေမဲ့ ကိုယ့်အတွက်တော့
လက်ဆောင်တစ်ခုပေ။
  
       မှတ်မှတ်ရရ လွန်ခဲ့တဲ့နှစ်နှစ်မှာ သူကို စတွေ့ခဲ့သည်။ကိုယ်ရဲ့ စိတ်ကူးယဉ်ပုံစံ နဲ့ ခြားနားလွန်းတဲ့
လူတစ်ယောက်ကိုပေါ့။မြင့်မားတဲ့အရပ်၊ စူးရှတဲ့
မျက်လုံး၊နို့နှစ်ရောင်အသားရေနဲ့ ခပ်ချေချေပုံစံမျိုးကိုနှစ်သက်ခဲ့ပေမဲ့ ကိုယ့်ရဲ့သူတစ်ယောက်သောသူက  မမဲသော်
လည်း ညိုသောအသားရေ၊ .ဆံပင်က ခပ်တိုတို
ရှင်းရှင်းပြောရရင် ရှေ့တစ်လက်မနောက်ပြောင်ကေ၊အရပ်က မြန်မာယောကျာ်းတစ်ယောက်အနေနဲ့တော့ နိမ့်တယ် လိုတော့ပြောလို့မရဘူးပေါ့။
   
       ကိုယ့်နဲ့သူရဲ့ တူညီမူက နူတ်ခမ်းမှာ မဲ့ပါတာ။
အပေါ်နူတ်ခမ်းရဲ့ညာဘက်ခြမ်းမှာ မဲ့ပါတာက ကိုယ်နဲ့
သူရဲ့ တူညီမူ။

           အထက်တန်းကျောင်းသားဘဝက.
အရင်းနှီးဆုံး ဖြစ်ခဲ့သော သူငယ်ချင်းက တက္ကသိုလ်မှာတော့ သူ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်ခဲ့သည်။
ကျောင်းပိတ်ရက် အိမ်ပြန်ချိန်မှာ သူကိုပထမဆုံး
စတွေ့ဖူးခြင်း။

             ဘုန်းပိုင်ဦးနှင့်အတူ ခြံထဲကို ဝင်ရောက်
လာသောလူတစ်ယာက်။ တစိမ်းတစ်ယောက်ပါလာတာမို့ တိုးပွားသည် ဆူညံစွာ ဟောင်နေသည်။

"ဂျူးဂျူး နင့်ကလေးတွေကို မဆုံးမထားဘူးလား
လူလို့မသိဘူး"

               အိမ်ရှေ့အော်သံကြောင့်မရမကမွေးမြူ
ထားရသော.ဈာန်သည် ဘယ်ရောက်သွားမှန်းမသိ။

" လူလို့သိမလား လဒရဲ့ နင့်မှန်းသိရင် ရှူးတိုက်
လွှတ်တယ်"

               မတွေ့တာကြာသော သူငယ်ချင်းနှစ်ယောက် သည်အခုလိုပင် နွေးထွေးစွာကြိုဆိုတတ်သည်။

"ဧည့်သည်ပါလာတယ် မိဂျူး.ပေါက်တတ်ကရတွေ
ပြောမနေနဲ့ ပြီးတော့ နင့်ဖို့"

SketchWhere stories live. Discover now