Be My Protecter (part-1)

2.7K 229 8
                                    

Zawgyi

ဘူဆန်​ရဲ့ လမ်းမကြီးမှာ
လ​မ်းကို​အေး​အေး​ဆေး​ဆေး​လျှောက်​လာတဲ့ 
ကျောင်းသား​လေးနှစ်​​ယောက်

"Sehun....ပင်​လယ်​နားအိမ်​အကြီးကြီး​လေ သိလား"

Chanyeolကို တစ်​ချက်​ကြည့်​ရင်း

"မင်း ပြသနာရှာထားပြန်​ပြီလား Chanyeol"

"မင်းကလည်း ငါကဘာပြသနာရှာရမှာလဲ၊မသိရင်​ ငါကပဲ အားတိုင်းယားတိုင်း ပြသနာရှာ​နေတဲ့သူကျ​နေတာပဲ"

"အာ့တာဆို ဘာလို့​မေးတာလဲ"

"အိမ်​ကြီးက အကြီးကြီးပဲကွ မြို့ကသူ​ဋေး​တွေရဲ့
အပန်း​ဖြေအိမ်​ဖြစ်​ရမယ်​"

Chanyeolကို စိတ်​ပျက်စွာကြည့်​လိုက်​သည်

"ငါမ​နေ့ကgameဆိုင်​ကအပြန်​ ကားမဲမဲကြီး​တွေအများကြီး အာ့အိမ်​ဘက်​ကိုသွားတာ​တွေ့လိုက်​တယ်​"

"Park Chanyeolမင်းက​လေ ​ကျောင်းစာကလွဲရင်​ အကုန်​သိတယ်​​နော်​"

"မင်းကလည်းဘူဆန်​မြို့ကကျဉ်းကျဉ်း​လေးရယ်​ဟာကို"

Chanyeolနဲ့Sehunသူငယ်​ချင်းဖြစ်​တာ အလယ်​တန်းနှစ်​​လောက်​ထဲကကိုယ့်​အ​ကြောင်းလဲသူသိ
သူ့အ​ကြောင်းလည်းကိုယ်​သိတဲ့ ​ပြောမနာဆိုမနာ
သူငယ်​ချင်း​တွေ

Chanyeolက Gamer
တကယ်​​တော့သူက ​ကျောင်းစာက လွဲရင်​ကျန်​တာအကုန်​စိတ်​ဝင်​စားတယ်

ဒီဘူဆန်​မြို့​လေးမှာဆိုရင်​ Chanyeolတို့က ချမ်းသာတဲ့အထဲပါတယ်​။မြို့ရဲ့ကျိုး​ဆောင်​၊ကျောင်းရဲ့shareဝင်​။ဆို​တော့Chanyeolကိုဆိုရင်​ ဘယ်​သူမှမထိနိုင်​ဘူး။အာ့အတွက်​​ကြောင့်​ နည်းနည်း​တော့ဆိုးတယ်

ကျ​နော်​ကလား
အ​ဖေက ငါးဖမ်းသမား၊အ​မေက​တော့ ကျ​နော်​​မွေးထဲကမရှိ​တော့ဘူး။အ​ဖေတစ်​ခု သားတစ်​ခု
ကျ​နော်​ဖြစ်​ချင်​တာ တစ်​ခုပဲရှိတယ်
အရမ်းကြီးမချမ်းသာရင်​​နေပါ။အ​ဖေနဲ့ကျ​နော်​ သာမန်​ရိုးရှင်းတဲ့ဘဝ​လေးကိုပဲ ​အေး​အေးချမ်းချမ်း​နေချင်​တယ်​။

"Sehun.......Oh Sehun"

"ဟမ်​....."

"ဘာ​တွေ​တွေး​နေလို့ ငါ​ခေါ်တာ​တောင်​မကြားရတာလဲ"

Be My Protecter Where stories live. Discover now