~~4~~

1K 191 39
                                    

“....Hayoung....”

ဦးနှောက်နှင့်အာရုံကြောအထူးကုဆေးရုံကြီး....။

“Baekhyun လာလေ...
ဘာတွေငေးနေတာလဲ....”

“ခမ်းနားလိုက်တာနော် တစ်ခါမှတောင်မရောက်ဖူးဘူး....”

“တောထဲသွားဖို့လောက်ပဲ မင်းကစိတ်ဝင်စားနေတာကိုး....”

စီနီယာပြောတာမှန်နေသဖြင့် ဇက်သာပုနေဖြစ်သည်...။

စီနီယာ၏ဖခင်ပိုင်ဆိုင်သော ထို Hayoung ဆေးရုံကြီး၏ခမ်းနားမှူမှာ သြချချင်သည်...။

ထင်ထင်ပေါ်ပေါ်မနေသော စီနီယာတို့၏ အဆင့်အတန်းကို ကြိတ်ပြီးချီးကျူးနေရသည်...။

အသားလွတ်ချီးကျူးစကားပြောတာမျိုးကိုလဲ စီနီယာက မကြိုက်ပေ.....။

“ဒီမှာ ဆရာဝန်ပေါင်းဘယ်လောက်လောက်ရှိ....”

“ဟ...”

မေးလက်စ စကားတို့ရပ်သွားရသည်...။

အခန်းတစ်ခုအတွင်းမှပြေးထွက်လာခဲ့သော အရိပ်တစ်ခုမှာ ကျွန်တော့်အနီးမှဖြတ်သန်းကာ စီနီယာ့ကို ဝင်တိုက်လေသည်...။

ဝင်တိုက်ခြင်းမှဖရိုဖရဲ ပြိုလဲသွားခဲ့သည့် လူသားကို ပွေ့ဖက်ထိန်းထားပေးပြီး ငုံ့မိုးကြည့်နေသော စီနီယာ့မျက်ဝန်းတို့က အရောင်တွေဖြာထွက်နေခဲ့သည်...။

“Hyung.. ”

ရင်းနှီးနေသောအသံကြောင့် နောက်လှည့်ကြည့်မိတော့ လွန်စွာအံ့သြရလေသည်...။

“Oh Sehun...”

ကျွန်တော့်ဖြစ်တည်မှူကို သူစိတ်မဝင်စားနေခဲ့...။

စီနီယာ့ရင်ခွင်ထဲမှာ ရှိနေသော Chanyeol ကိုသာ အတင်းဆွဲထုတ်တော့မည့်ဟန်ဖြင့်
သူ့လက်တွေက မငြိမ်မသက်ဖြစ်နေသည်...။

“အဆင်ပြေရဲ့လား...”

စီနီယာ့အမေးကိုမဖြေ Oh Sehun ကို လှည့်ကြည့်ကာ ရုန်းထွက်သွားဖို့ ကြိုးစားတော့သည်...။

“ခဏ... ခဏလေး... hyung သူ့ကိုချုပ်ထားပေးစမ်းပါ....”

အနည်းငယ်အထက်ဆီးဆန်သော အကူညီတောင်းခြင်းမျိုးဖြစ်သည်....။

Beyond The DeepМесто, где живут истории. Откройте их для себя