ZAWGYI
မေပယ်လ်ရွက်လေးတွေနဲ့အတူ(၃)
"BaekHyunee...မနက်ဖြန် ဒိတ်လုပ်ရအောင်"
ဆိုင်းမဆင့် ဗုံမဆင့် ပြောလာသော သူ့စကားကြောင့် ကျွန်တော် အိမ်စာရေးနေရာမှ မော့ကြည့်မိတော့ ဖတ်လက်စစာအုပ်ကို ဘေးချထားပြီး ကျွန်တော့်ကို စိုက်ကြည့်နေသော သူ့ရဲ့အကြည့်များနှင့် တည့်တည့်တိုးသည်။
"ရုတ်တရက်ကြီး"
"ရုတ်တရက်ကြီးဆိုလည်း ဘာဖြစ်လဲ"
စာကြည့်တိုက်ထဲမှာမို့ လေသံတိုးတိုးနဲ့ ပြောနေသော သူ့အသံက ဘေးချင်းကပ်ထိုင်နေသည့် ကျွန်တော့်အတွက် ကျယ်လွန်းနေသလို။ သူ့အသံကပဲ ခပ်သြသြမို့ ကျယ်တယ်ထင်ရတာ နေမှာ။
"မနက်ဖြန်သွားဖို့ဆို အိမ်စာတွေကို ဒီနေ့အပြီးလုပ်ရမှာ"
"ကူလုပ်ပေးမယ်လေ"
"တော်ပါ၊ မင်းဟာမင်းတောင် assignmentရေးဖို့ စာတွေရှာတုန်းရှိသေးတာ"
"ဟုတ်သားပဲ၊ မြန်မြန်ပြီးအောင် လုပ်ရမယ်"
ကျွန်တော်ပြောလိုက်မှ သူစာမပြီးသေးတာကို သတိရသွားသဖြင့် စာအုပ်ကို အထိတ်ထိတ်အပျာပျာ ကောက်ကိုင်သော သူ့ကို ကြည့်ပြီး ကျွန်တော် ခပ်တိုးတိုးရယ်မိသည်။ ကျွန်တော့်ရယ်သံကို သူကြားတော့ ခေါင်းကို ဆတ်ခနဲမော့လာသည်။ ကျွန်တော်က ရယ်တာကို ရပ်ပြီး ရုပ်တည်ကြီးနဲ့နေပြလိုက်မှ သူက ခေါင်းပြန်ငုံ့သွားပြီး စာအုပ်ဆီ အကြည့်ပြန်ရောက်သွားခဲ့သည်။
တစ်ခါတလေ သူ့ကို စရတာလည်း ပျော်စရာကောင်းသား။ သူကပဲ ကျွန်တော့်ကို အမြဲလိုလိုစနေတော့ ကျွန်တော်လည်း သူ့ကို ပြန်စသင့်တယ်မဟုတ်လား။
သူက ဒိတ်လုပ်ရအောင်တဲ့...။
အပြင်ပန်းက ဂရုမစိုက်ဟန်ပြမိပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ မနက်ဖြန်အတွက် ကြိုတင်စိတ်လှုပ်ရှားနေပြီ။ ကျွန်တော်တို့နောက်ဆုံးတစ်ခါ ဒိတ်လုပ်ခဲ့တာ ဘယ်တုန်းကပါလိမ့်။ လွန်ခဲ့သော လေးလကျော်က ဖြစ်လိမ့်မယ်ထင်တယ်။
အဲ့အချိန်တုန်းကတော့ ဒီတစ်ခေါက်ထက် ပိုဆိုးသည်။ အိမ်နားကဆိုင်မှာ ဈေးသွားဝယ်မယ်ဆိုပြီး အိမ်နေရင်းအင်္ကျီစုတ်စုတ်ပြတ်ပြတ်နဲ့ ထွက်လာကာမှ လမ်းတစ်ဝက်မှာ 'ဒိတ်လုပ်ရအောင်´ဆိုပြီး ကျွန်တော့်လက်ကို အတင်းဆွဲ၊ သူ ကြိုတင်စီစဉ်ထားသော စားသောက်ဆိုင်တစ်ခုဆီ ရောက်သွားပြီး ဒိတ်ခဲ့ရသော နေ့ရက်ကို ကျွန်တော် ကောင်းကောင်းကြီးမှတ်မိနေသေးသည်။ ပြီးတော့ အဲ့အင်္ကျီအစုတ်နဲ့ပဲ ရုပ်ရှင်ရုံ၊ အပန်းဖြေဥယျာဉ်အစုံရောက်ခဲ့ရသည်။ ဒီတစ်ခေါက်တော့ သူ ကြိုပြောထားလို့ကျွန်တော် သေချာစီစဉ်သွားရမည်။ ကျွန်တော်တို့က အတူတူနေနေပေမဲ့ ရှားရှားပါးပါးဒိတ်လုပ်တာလေးကိုတော့ လှလှပပလေးဖြစ်စေချင်သည်လေ။
ESTÁ A LER
Married to a Prince
Fanfic♡ChanBaek♡ I am not a princess...but I got married to a prince. {Zawgyi+Unicode}