The Sole Contract with a Demon

4K 213 28
                                    


အရင်ဆုံး ဒီ Chapter အတွက် စာဖတ်သူတွေ ကျေးဇူးတင်ပေးရမယ့်သူ သုံးယောက်ရှိပါတယ် ^^

(1) PingZi - မူရင်းစာရေးသူဖြစ်ပါတယ်
(2) 900yearsonthemoon - ဘာသာပြန်ပေးတဲ့သူပါ
(3) @Kyunnie_Zy - စိတ်ရှည်ရှည်နဲ့ တီလုတ်စာတွေကို ပြောပြပေးသူပါ ~~

______________________________________________________

* တမူရင်းကို သတိထားမိမယ် ထင်ပါတယ် … 61st Yangming Master ပါ … မိစ္ဆာကို Soul image လုပ်ခိုင်းတဲ့ တစ်ဦးတည်းသော Yangming သခင်ပဲ ဖြစ်ပါတယ် … နောက် တမူရှီရဲ့ဖခင်ပါ Lol

* ယင်ကြွယ်ကတော့ အားလုံးသိတဲ့ နှစ်တစ်ထောင် မြေခွေးကြီးပေါ့ …

PingZi ပေးတဲ့ Bonus Chapter မို့ သူတင်ထားသလောက်ပဲ ပြန်တင်ပေးတာပါ … ရှုပ်တာလေးတွေ ရှိရင် မှတ်ထားပါ … နောက်ကျ တဖြည်းဖြည်းရှင်းသွားလိမ့်မယ် အဟဲ xD

___________________

JingLing တောင်, အနောက်ဘက်တောင်စောင်း …

တမူရင်း တစ်ယောက် သစ်ပင်ကို စိတ်ပျက်လက်ပျက်နဲ့ မှီရင်း ရပ်နေသည်။ မလှမ်းမကမ်းမှာ ယင်ကြွယ်က လတ်လတ်ဆတ်ဆတ်ဖမ်းလာတဲ့ ငါးတစ်ကောင်ကို ဇိမ်ရှိရှိနဲ့ ထိုင်စားနေ၏ ။

ရင်း ရဲ့ ပုံစံကို ကြည့်ရတာ တစ်စုံတစ်ခုကြောင့် အင်မတန်စိတ်ပျက်နေသည့်အသွင်မျိုး ဖြစ်နေသည်။

သက်ပြင်းတချချနဲ့ မျက်နှာကလည်း ပုပ်သိုးနေလေ၏ …  အကြောင်းရင်းကတော့ မနက်ဖြန် သူတက်ရောက်ရမည့် အခမ်းအနားတွေကြောင့် ဖြစ်လေသည်။

"မနက်ဖြန် အရိုက်အရာဆက်ခံတဲ့ပွဲ တက်ရမှာကွာ … အာ … … "

"ဘာဖြစ်လို့လဲ "

ငါး အစားမပျက် ပလုတ်ပလောင်းနဲ့ ယင်ကြွယ်က မေးလိုက်သည်။

"အရမ်းပင်ပန်းတယ်ကွ … Yangming သခင် နေရာဆက်ခံတာရော … မိသားစုခေါင်းဆောင်နေရာ အတွက်ပါ တစ်ရက်တည်း လုပ်ရမှာ "

"အဲ့တော့ … သန်ဘက်ခါဆို ငါက မင်းကို မျိုးနွယ်ခေါင်းဆောင်လို့ ပြောင်းခေါ်ရမလား …မြင့်မြတ်သော Yangming သခင်လို့ ပြောင်းခေါ်ရမလား"

ယင်ကြွယ်က ခပ်ရွဲ့ရွဲ့မေးလိုက်၏။

"အဲ့လောက်ထိ မလိုပါဘူး …ဒီတိုင်း သခင်လို့ ခေါ်ရင်ရပြီ"

The Sole Contract with a DemonNơi câu chuyện tồn tại. Hãy khám phá bây giờ