{Zawgyi}
'ရက်စက်ခြင်းတို့ ခြေလှမ်းခြင်း'
••...သူဌေးလာပြီ...အသင့်ပြင်ကြ...••
••...Nae မန်နေဂျာကြီး...••
••...ဟိုကောင် အင်္ကျီကို
ဘယ်လိုဝတ်ထားတာလဲ...
ပြန်ပြင်ဝတ် သူဌေးအကြောင်းမသိလို့လား...
ဟိုကကောင် မြန်မြန်အပေါက်ဝမှာ
နေရာယူတော့လေ...Yarr !!!!
ဘာလုပ်နေတာလဲ မြန်မြန်မလုပ်ပဲ...••••...nae ! nae...••
••...တို့မန်နေဂျာက ဒီလိုအချိန်ဆို
တကယ်သနားစရာပဲ
ပျာယာကိုခတ်နေတာပဲ...••••...Yarr !!!...••
••...Nae လာပါပြီ...••
••...မြန်မြန်နေရာယူ ဟိုမှာကားဝင်လာပြီ...••
ဝန်ထမ်းတွေရှိရာ အဆောက်အဦးရဲ့
မျက်နှာစာရှေ့သို့ လွန်စွာတန်ဖိုးကြီးလှသော
ကားတစ်စီးဆိုက်ရောက်လာချိန်မှာတော့
ခုနကနဲ့ကွဲပြားစွာ ဝန်ထမ်းတွေဟာ
တိတ်ဆိတ်ငြိမ်သက်လို့...နက်မှောင်ပြောင်လက်နေတဲ့ကားရဲ့
တံခါးတစ်ချပ်ဖွင့်သွားချိန်မှာ
အောက်ခြေကြမ်းပြင်သို့ချလိုက်သော
အနက်ရောင်ရွှဲနေတဲ့ ဖိနပ်ထက်
ပိုစောစွာလွှင့်ပျံလာသော
အသက်ရှုမှားလောက်သည့်Perfume နံ့...
ရှည်လျားသောခြေတံတွေကိုမြင်ရုံနဲ့
ဝန်ထမ်းတွေခေါင်းကိုမမော့တော့ပေ...ကားထဲမှ လူတစ်ကိုယ်လုံး
ထွက်လာပြီးချိန်မှာတော့...
မြင့်မားခန့်ညားသောအရပ်နဲ့
ချောမောပြေပြစ်သော မျက်နှာကျတို့သည်
ထင်းလင်းစွာ ပေါ်ထွက်လာသည်...အနောက်တိုင်း suit အပြည့်ရယ်...
ထင်းနေသော မျက်နှာကျထက်တွင်ရှိသော
မျက်မှန်အညိုရောင်ရယ်...
ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ထားပြီး
ကျန်တစ်ဖက်တွင်တော့
သာမန်လူတန်းစားတွေအနားမကပ်နိုင်သော
စိန်ရောင်တစ်ဖျတ်ဖျတ်လက်နေတဲ့
နာရီတစ်လုံးရယ်...အရာအားလုံးက
ခန့်ညားလိုက်ဖက်စွာရှိနေသော်လည်း
လိုအပ်နေတဲ့တစ်ခုတည်းသောအရာက
အပြုံးလုံးဝမဆင်မြန်းထားသည့် နှုတ်ခမ်းတစ်စုံ...
ခပ်တင်းတင်းစေ့ထားသည်က
အားလုံးအတွက်ကြောက်စရာပင်...
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...