Unicode (zawgyi below)
Lucas' POV
📲 Yaa Ukarine သွားဖို့လုပ်နေပြီလား? အလုပ်ကိစ္စနဲ့သွားရတာဆိုတော့ neck tie တို့ neck tie မှာတပ်တဲ့ကလစ်တို့မမေ့နဲ့နော် ဟိုရောက်ရင် အလုပ်ရှင်တွေနဲ့တွေ့ရရင် အပြင်အဆင်တွေကလိုတယ်လေ။ ငါတို့အခု ပြန်ဖို့ hotel ကနေအဝတ်အစားတွေသိမ်းနေပြီ 📲
Noti သံတစ်ချက်နဲ့ဝင်လာတဲ့ sms တစ်စောင်ကို ဗီရိုထဲက အင်္ကျီထုတ်နေလို့လက်မအားတဲ့ကြားက ကျွန်တော်ဖွင့်ကြည့်လိုက်မိသည်။
ဘာ့ကြောင့်လဲဆိုတော့ ဒီ Noti သံဟာကျွန်တော့်ရဲ့တစ်ယောက်တည်းရှိတဲ့ချစ်သူဆီကဆိုတာကျွန်တော်သိနေလို့သာဖြစ်တယ်။
သူပို့တဲ့ sms ကိုဖတ်ရင်းကျွန်တော်ပြုံးနေမိသည်။
သူ့ရဲ့ အငွေ့အသက်
သူ့ရဲ့အထိအတွေ့
သူ့ရဲ့ ခံစားချက်
သူ့ရဲ့အပြုံး
သူ့ရဲ့ဖုန်းနံပါတ်ကအဆုံးကျွန်တော်အရမ်းမြတ်နိုးပြီး ချစ်တာ။
ကျွန်တော်ဆိုတဲ့လူက ငပျင်း
သူနဲ့တွေ့မှသာဖြည်းဖြည်းချင်းပြောင်းလဲလာတာ။ အရင်တုန်းက အဖေက ကုမ္ပဏီကိစ္စကိုဦးစီးပါလို့အထပ်ထပ်ပြောနေတာတောင် အိပ်ရာပေါ်မှာ earphone တပ်ပြီးအရေးတောင်မစိုက်ဖူးတဲ့ ကျွန်တော်ကသူ့ကိုချစ်မိမှ သူ့ရဲ့အနာဂတ်မှာကျွန်တော်ချစ်တဲ့သူ့အပြုံးတွေ ကျွန်တော့်ကြောင့်ကွယ်ပျောက်သွားမှာစိုးလို့ ကျွန်တော်အရမ်းကြိုးစားခဲ့တာ။
အဖေ့ရဲ့ကုမ္ပဏီကိုလိုက်ဦးစီးပေးပြီး သူ့အတွက်ဆိုတဲ့ဦးတည်ချက်တစ်ခုတည်းနဲ့ ရှေ့ရေးခိုင်အောင်ကြိုးစားလာခဲ့တာ။
ကျွန်တော့်ဘဝမှာ "သူ" ဆိုတဲ့ ပညတ်ချက်တစ်ခုဝင်လာခဲ့ကတည်းက ကျွန်တော့်ရဲ့နှလုံးသားတင်မက ကျွန်တော့်ရည်မှန်းချက်တွေကပါလမ်းချော်လာခဲ့တာ။ "သူ" ဆိုတာကျွန်တော်ငယ်ငယ်ကကြည့်နေကျ မျက်လှည့်ဇာတ်ကားတွေထက်ပိုပြီးအစွမ်းထက်တဲ့ အနုပညာတစ်ခုဖြစ်လာခဲ့တယ်။
ကျွန်တော့်ကိုတည်ငြိမ်အောင် "သူ" ပဲလုပ်နိုင်သလို ကျွန်တော့်ကိုဂယက်ရိုက်အောင်လည်း "သူ" ပဲလုပ်နိုင်တာ။
YOU ARE READING
Stephanotis
FanfictionThis fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထဲမှာ ကိုယ်က "သူ" ဆိုတဲ့ပညတ်ချက်ကြောင့်ချို့ယွင်းချက်တစ်ခုအနေနဲ့ရှင်သန်ခဲ့တယ်.... Zawgyi သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောက...