Nevermore. 5

1.3K 152 27
                                    


"ချစ်တယ်.. ကိုကို"

"ချစ်တယ် Babe...တစ်သက်လုံးအတွက်..."

အပြုံးနဲ့
မျက်လွှာချပေးသွားတဲ့နောက် အလိုက်သင့်တိုးကပ်သွားလိုက်သည်...

ကိုယ်တိုင်မျက်လုံးတွေမှိတ်မပစ်ခင် နောက်ဆုံးမြင်လိုက်ရသည့် ရွှေအိုရောင်နှုတ်ခမ်းပါးတွေ
အစား...အာရုံထဲဝင်ရောက်လာသည်က...
မှဲ့နက်လေးတစ်လုံးနဲ့ ပန်းသွေးရောင် နူးညံ့မှု တစ်စုံတစ်ရာ...

ကိုယ်မြတ်နိုးမိတဲ့ သိမ်မွေ့ခြင်းတစ်ခုကို ဘယ်အရာနဲ့မှ အစားမထိုးလိုတဲ့အခါ ပုခုံးတွေကနေဆုပ်ကိုင်ထားမိတဲ့ ခန္ဓာကိုယ်ကို ခပ်သာသာပြန်တွန်းပစ်ရင်း လူချင်းခွာလိုက်မိသည်....

"Cut....cut...ဘယ်လိုဖြစ်ပြန်တာလဲ"

တမင်ရည်ရွယ်ခြင်းမဟုတ်ပေမယ့်..
Sceneပျက်တာ ဒီတစ်ခါနဲ့ပါဆိုရင် သုံးကြိမ်မြောက်.....Directorလဲ သိပ်မကြည်တော့ပြီ..မတူမတန်သလိုဆက်ဆံတယ်လို့ အထင်ရှိသွားပုံရတဲ့..မင်းသမီးက တော့ ဆိုဖွယ်ရာမရှိ..

"Sorry.. sorry..Soora...Directorရောပဲ ကျွန်တော်တောင်းပန်ပါတယ်... "

"ရပါတယ် အစတည်းက Sehunငြင်းတာကို..
အတင်းရိုက်ခိုင်းမိတာပဲ...ရတယ်.. editပဲသုံးကြတာပေါ့..."

အဆင်ပြေပါတယ် ပြောပေမယ့်...Directorမျက်နှာကရှစ်ခေါက်ချိုး...Soora ကလဲ
ခေါင်းကိုက်တယ် အကြောင်းပြကာ ချက်ချင်းပြန်သွားလေသည်...seriesတစ်လျှောက်လုံးအဆင်ပြေခဲ့ပြီး..
Final partရဲ့ last scenes ကျမှ ကိုယ့်ကြောင့် အဖုအထစ်တွေဖြစ်ကုန်ရပေမယ့်
အားမနာနိုင်တော့ပေ....ဖြစ်ချင်ရာဖြစ်စေတော့
အခုရော..နောင်ရော..
အချစ်ဦး မဟုတ်သော တစ်ပါးသူထံ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ အနမ်းတွေနဲ့ မခစား နိုင်...

***************

Stageပေါ်မှာပြောခဲ့တဲ့ စကားရဲ့အကျိုးဆက်အဖြစ်
နောက်နေ့တွေက စလို့ အခါတိုင်းထက် ပိုပြီး mediaတွေ
စိတ်ဝင်စားခြင်းခံရသလို...stalkerတွေရဲ့ရန်ကို ပိုပြီးသတိထားနေရပြီး.. ပါပါရာဇီတွေနဲ့ ထိပ်တိုက်မတွေ့ရေး ရှောင်နေရတော့သည်...

ကိုယ်က mediaတွေကို အရေးစိုက်လို့မဟုတ်ပေမယ့် တစ်ခုခုအသံထွက်လာတာနဲ့အမျှ Jun ကခေါင်းခံ ဖြေရှင်းရမည့်အပြင်...Junကိုယ်တိုင်လဲmediaတွေရဲ့ပစ်မှတ်ဖြစ်နေတာ
ကြောင့် အနည်းငယ်ဆင်ခြင်နေခြင်းသာ....

Nevermore ...နောင်ဘယ်တော့မှ..Where stories live. Discover now