795 61 0
                                    

ဝေးသွားတယ် ပြီးတော့
နီးလာပြန်တယ်

ဝေဝါးမှုတွေနဲ့အတူ
ထင်ယောင်ထင်မှားဖြစ်မှုတွေက
ညီမျှခြင်းရဲ့ တစ်ဖက်ဆီမှာ ဆိတ်ငြိမ်စွာ

နင်မရှိတော့လည်းငါမသေပါဘူး
ငါ့ကမ္ဘာလေးပျက်သုဉ်းရုံပေါ့

နင်ကျွေးသမျှ တမာတွေကို
ငါဟာ သကာရည်လိုမက်မောဆဲ

အလိမ်အညာတွေနင်မဆိုတော့တဲ့နေ့မှာ
ငါ့လက်ဖျားတွေအေးစက်ကုန်တယ်

ဝေးသွားတယ် ဒီတစ်ခါတော့
ပြန်မနီးကြတော့ပါ …

အပိုင်းအစများ(Completed)Where stories live. Discover now