အချစ်က ဝက် 🐖 ( အခဈြက ဝကျ 🐖 )

4.8K 567 341
                                    

အပိုင်း(၁)
ဝက်ကလေး၏
အချစ်အားရှာဖွေတွေ့ရှိမှု..

" ဒီနေ့ဂျူနီယာတွေနဲ့
အားကစားချိန်
အတူတူဆော့ရမယ် "

အတန်းပိုင်ဆရာရဲ့
နှုတ်ဆက်စကားကြားပြီး
Baekhyunတစ်ယောက်
မုန့်ခိုးစားနေရာမှ
ငိုချင်ချင်ဖြစ်မိသွား၏

" ဆရာ..
ဒီနေ့အားကစားချိန်မပါဖူးလေ "

သွက်လက်စွာလက်ကလေး
ထောင်၍
မေးခွန်းပြန်မေးမိလေတော့
ကျောင်းသားတို့က
နောက်ဆုံးခုံမှာရှိတဲ့မိမိအား
ဝိုင်းလို့လှည့်ကြည့်လာကြ၏

" အစည်းအဝေးရှိလို့
သင်္ချာချိန်ကိုအားကစားချိန်နဲ့
ပြောင်းထားတယ် "

အားကစားဆိုမုန်းတဲ့
ကျတော့်အတွက်
အားကစားချိန်ဆိုတာ
လောကမှာအမုန်းဆုံးအရာ..

ိသတိထားမိသလောက်

စာသင်ချိန်ထက်အားကစားချိန်က
ပိုများသည်မှာ
မိမိတို့ကျောင်းတစ်ကျောင်းပဲ
ရှိသည်

" ဆရာ..
အတန်းချိန်တွေမရှိတော့ရင်
စောစောပြန်လို့ရမလားခင်မျာ "

" မင်းပြန်တာနဲ့ အိမ်ကို
တိုင်စာရောက်ပြီးသားပဲ
Baekhyun..
ဝက်ကျင့်ဝက်ကြံကြံမနေနဲ့ "

ဆရာရဲ့စကားကြောင့်
Baekhyunကိုကြည့်ကာ
တစ်ခန်းလုံးဝိုင်းရီကြ၏

ဘယ်တတ်နိုင်မလဲ..

ကျတော်ကလဲ
သူတို့ခေါ်ခေါ်နေတဲ့
ဝက်ဖြစ်နေတော့လဲ

×××××××××××××××

အိမ်ကိုတိုင်စာရောက်မယ်ဆိုပြီး
ဆရာသာမခြိမ်းခြောက်ခဲ့ပါလျှင်
အခုချိန်Baekhyunတို့
အိမ်မှာပါးချက်ပေးတဲ့
ဝက်ခြေထောက်စွတ်ပြုတ်စားနေပီ

ခုတော့..ဟင့်..

မရှိမဲ့ရှိမဲ့မျက်ရည်တွေကို
ညှစ်ထုတ်ကာ
အိမ်သာမှန်ရှေ့၌ရပ်ပြီး
ဖောင်းကားနေသော
မျက်နှာပေါ်ရှိမျက်မှန်အဝိုင်းလေးကိုဆွဲချွတ်ကာ မှန်တွေကို
အင်္ကျင်္ီစဖြင့်ပွတ်တိုက်လိုက်သည်

အချစ်က ဝက် 🐖 ( အချစ်က ဝက် 🐖 )                    ( Unicode,ZawGyi )Where stories live. Discover now