Part - 41

1.5K 149 26
                                    

At kongpob'home

Arthit'pov

" Sawadee kub...ဦးနဲ့အန်တီ"
"Sawadee ပါ သားရယ်"
"ဟုတ်ကဲ့ ဒါက ဦးတို့ အန်တီတို့အတွက်ပါ...ဘာကြိုက်တတ်မှန်းသေချာမသိလို့ပါ"
"အော် သားရယ် မလိုပါဘူး....ဝယ်လာစရာ..."
ဟုပြောကာ kong ရဲ့ အမေက arthit ပေးသော အသီး အနှံများကို ယူကာ မီးဖိုခန်းထဲသို့ ဝင်သွားလေတော့သည်။
Kong အမေ က kong လိုပဲ နူးညံ့သိမ်မွေ့သူဖြစ်သည်။ kong လိမ်မာရေးခြား.ရှိခြင်းက သူမကြောင့် ဆိုသည်မှာ သိသာလွန်းလှသည်။
ကျွန်တော် သူမကို လိုက်ကြည့်နေမိတုန်း

" ဟေး...အဲ့ကလေးလေးက ဘသူလဲဟေ့..."
ဟူသော အသံကျယ်ကျယ်ကြောင့် လန့်ပြီး ကြည့်မိတော့ အပေါ်ထပ်လှေကား ကနေ ဆင်းလာသော အမတယောက်ကို တွေ့လိုက်ရသည်။
သူပြောသော ခလေးဆိုသည်ကို လိုက်ရှာကြည့်မိသော်လည်း ကျွန်တော်တို့ ထိုင်နေသော နေရာနားတွင် ခလေးနှင့်တူတာ က အရုပ်လေးတောင်မရှိပေ။

ထိုအမက ကျွန်တော်တို့ထိုင်နေရာနားထိ လျှောက်လာပြီး
" အဲ့ဒါ ဘယ်အိမ်က ကလေးလဲ...ပါး..." ဟု ထပ်ပြောလာသောကြောင့် kong ရဲ့ပါးကလဲ ရီနေသလေသည်။ ဘယ်ခလေးကို ပြောနေသည်မှန်းမသိ၍ ကျွန်တော်လဲ kong ကို လှည့်ကြည့်မိတော့သည်။ သို့သော်လည်း kong ရဲ့ ပြုံးစိစိ မျက်နှာက လွဲလို့ ဘာမှမသိရ၍ မျက်စောင်းခဲကာ သူ့ကို မျက်နှာ လွှဲလိုက်ပြီး ကျွန်တော့ဘေး နေရာလွတ်တွင် ဝင်ထိုင်လာသော ထို အမကြောင့် ဘေးသို့ နဲနဲလေးရွှေ့ပေးလိုက်မိသည်။

ထိုအမသည် kong နှင့်လည်း နဲနဲဆင်သလို kong ပါးနှင့်လည်း နဲနဲ ဆင်နေ၍ kong ရဲ့ တဦးတည်းသော အမ P'fern ဖြစ်ရမည်ဟုတွေးလိုက်မိသည်။

"ဘယ်နေရာတွေလိုက်ကြည့်နေတာလဲ...P' က ဒီကလေးလေးကို မေးတာ " ဟု ပြောကာ ကျွန်တော့်ပါးကို ဆွဲလာသောကြောင့် တွန့်ခနဲ ဖြစ်သွားပြီး မျက်လုံး အစုံပြူ သွားမိသည်။
သူပြောသော ခလေး ဆိုတာက ကျွန်တော့်ကို ရည်ညွှန်းနေသည်တဲ့လား....
ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်မိသည်။

ကလေး ဆန်မည်ဆိုး၍ တောင် ကျွန်တော် ဝတ်နေကျ တီရှပ် အရောင်နုလေးတွေ ဂျင်းဘောင်းဘီတွေအစား ရှပ်အကျီင်္ီလက်ရှည်ကိုတောင်မှ လူကြီးဆန်စေရန်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကလေး ဆန်မည်ဆိုး၍ တောင် ကျွန်တော် ဝတ်နေကျ တီရှပ် အရောင်နုလေးတွေ ဂျင်းဘောင်းဘီတွေအစား ရှပ်အကျီင်္ီလက်ရှည်ကိုတောင်မှ လူကြီးဆန်စေရန်...အရောင်ရင့်ဖြစ်သော ကြက်သွေးရောင် အစင်းကို စတိုင်ပင် နီညိုလေးနှင့် တွဲဝတ်ခဲ့သေးသည်။
ထိုသည်ကိုတောင်မှ ကလေး လို့ခေါ်ခံရသောကြောင့် နဲနဲတော့ မကျေနပ်မိသည်က အမှန်ပါ။
ထိုအချိန်တွင် အနောက်က သစ်သီးပန်းကန်များနှင့် ထွက်လာသော kong ရဲ့မားက
"Fern...မောင်လေးကို မစပါနဲ့...မဟုရင်....မား လက်ထဲက စတော်ဘယ်ရီသီးနဲ့ လူက တရောင်ထဲ ဖြစ်တော့မယ် " ဟူသော စကားကြောင့် အကုန်လုံး က ဝိုင်းရီကြတော့သည်။ ကျွန်တော်လဲ ရှက်ရယ် လိုက်ရယ်နေမိသည်။ kong တို့ မိသားစု ရဲ့ နွေးထွေးမှုကြောင့် စိုးရိမ်စိတ်တို့ ပျောက်ရှခဲ့ရသည်။
မိသားစု တွေ အကုန် ဧည့်ခန်းတွင် စုံတော့...
"ပါးနဲ့ မား....ဒါ p'arthit ပါ...မားတို့သိပြီးသားပါပဲ.......အဲ့ဒါကို P' က သူ့ကိုယ်တိုင် ခွင့်ပြုချက်တောင်း ချင်တယ်ဆိုလို့ပါ.." ဟု kong က ထပြောလိုက်သဖြင့် သူ့ပေါင်ကို ဆွဲလိမ်မိလိုက်သည်။ လူကြီးတွေရှေ့ စကားပြောပုံက တကယ့်ကို ရိုက်ပေါက်။ ကျွန်တော် လိမ်လိုက်လို့ မျက်နှာကြီး ရှုံ့မဲ့သွားလေတော့သည်။
"ဟုတ်ကဲ့...ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြပြီဆိုတာကို သိပြီးပြီလို့ kong က ပြောပေမဲ့...ကျွန်တော်ကမိဘတွေရဲ့ တရားဝင်ခွင့်ပြုချက်ကိုယူပြီးမှ လက်ထပ်ချင်လို့ပါ"
ဟု ပြောပြီး ခေါင်းကို ငုံ့ကာ လူကြီးတွေဆီမှာ စကားသံကို နားစွင့်နေမိသည်။
"Arthit....ပါးတို့က သဘောမတူဘူးဆိုရင်ရော"
ဟူသော kong ပါးပါး ၏ အသံကြောင့် ကျွန်တော့်ကိုယ်လုံး တုန်သွားရတော့သည်။ တကယ်ပဲ သဘောမတူနိုင်ဘူးတဲ့လား....ကျွန်တော်အကြောက်ဆုံးကိစ္စတွေက ကျွန်တော့်ရှေ့ ရောက်လာခဲ့လေပြီ။ ကျွန်တော့် စိတ်ထဲ ဝမ်းနည်းမှုတို့ကြီးစိုးလာသောကြောင့် မျက်ရည်တို့ပင်ဝေ့လာရပြီ။ ကျွန်တော်သည် ယောက်ကျား တယောက်ဖြစ်သော်လည်း kong နှင့် ပတ်သက်လျှင် ပျော့ညံ့သော လူတယောက်ဖြစ်နေလေသည်။

Kong က ကျွန်တော့မျက်လုံးက မျက်ရည်စတို့ကို မြင်သွားကာ ကျွန်တော့်လက်ကို တင်းတင်းတုပ်ကိုင်လာကာ

" ပါး........."

###

ကဲ မုန်တိုင်းပဲ လာမလား....လေပြေလေးပဲလား ဆိုတာကတော့.....
Reader တို့ရဲ့ feedback လေးရယ် star လေးကို clip တာရယ်ပေါ် ကြည့်ပြီး ပြောင်းသွားနိုင်တာမို့လို့....reader လေးတွေပဲ ရွေးချယ်ပါလို့....

ဇာတ်မသိမ်းနဲ့အုံးနော်ဆိုလို့ ကလိကလိတွေနဲ့ ထပ်တိုးပြီး ဆွဲဆောင်လိုက်ပြီ
😉😉😉

Anonymous love (Out of Action)Where stories live. Discover now