P-20 Ending <A>

3.2K 304 6
                                    

ဆိုင်အပြင်ကိုကောင်တကာနေ ကြည့်ရင်း သက်ပြင်းချမိသည်... Tae Hyung ဒီကောင်လေး Busan ဘက် ခနဆို ထွက်သွားတည်းက ဆိုင်မှာ သူတစ်ယောက်တည်း အလုပ်တွေ ရှုပ်နေမိသည်... 

ကြည့်ရတာ Tae Hyung လဲ ဟို အားကစားနည်းပြ Jeon Jung Kook ဆိုတဲ့လူနဲ့ အဆင်ပြေနေပုံရသည်..  သူ့ကိုတော့ ဖွင့်မပြောသေးပေမယ့်..  ညနေတိုင်း ဆိုင်ကို လာလာကြိုနေရင် မြင်နေရတာမို့ ရိပ်မိပြီးသားဖြစ်သည်.. 

ဒီနေ့မှ နှင်းတွေကလဲ ကျလိုက်တာ...  လက်ထဲက ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ရင်း စိတ်ထဲကနေ တွေးနေမိသည်... 

"ချလွင်~~~"

ခြူသံလေးနဲ့အတူ...  ကြောင်ဖြူလေးပိုက်ထားတဲ့ Customer တစ်ယောက် ဝင်လာသည်.... ဆိုင်က အိမ်မွေးတိရစ္ဆာန်လေးတွေပါ ခေါ်လာခဲ့လို့ ရတာမို့ တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့ သူများနဲ့ သူဆိုင်က ရောင်းကောင်းလှသည်... 

ကျေးဇူးပါနော် Hyung...  Hyung ပေးခဲ့တဲ့ ဆိုင်လေးကြောင့် ခုဆို ကျွန်တော် တိုက်ခန်းကျဉ်းကျဉ်းလေးမှာ မဟုတ်တော့ဘူး...  ကွန်ဒိုကောင်းကောင်းလေးမှာ Tae Hyung နဲ့ အတူတူ နေနိုင်နေပြီ...  မကြာခင် ကျွန်တော် ကားဝယ်ဖို့တောင် စဉ်းစားနေတယ်.... 

Hyung ရဲ့ မေတ္တာတွေကြောင့်လား မသိဘူး ... ကျွန်တော့် ဆိုင်လေးကို လူတွေက ကြိုက်ကြတယ်... White Cat Cafe ဆိုတာနဲ့ သဘောကျတဲ့ လူတွေကြည့်ပဲ..  သတိရတယ် Hyung ရယ်...  Hyung အပြုံးလေးနဲ့သာဆို ဆိုင်ကို လာတဲ့လူတွေ ပိုများအုန်းမယ်လို့ ကျွန်တော် အာမခံတယ်... 

Hyung ထွက်သွားပြီဆိုတာ သိပေမယ့်..  ကျွန်တော် ခုထိ အရူးလိုပဲ ... ကြောင်ဖြူလေးတွေများ တွေ့ရင်လေ Hyung များလားလို့ လိုက်ပြီး ကြည့်မိနေတုန်းပဲ ...

Customer  လက်ထဲက ကြောင်ဖြူလေးကိုသာ တစ်ချက်ငေးရင်း ကော်ဖီခွက်ကို ပြုံးပြီး ချပြလိုက်သည်... 

ကော်ဖီခွက်ချပြီး ကောင်တာဘက်ကို အလှည့် ရိပ်ကနဲ မြင်လိုက်ရတဲ့ အရိပ်တစ်ခု သစ်ပင်နောက်ကွယ်ကို ဝင်သွားသည်... 

စိတ်ထဲ ကျောချမ်းသလိုလို ဖြစ်မိပေမယ့် စိတ်ထင်တာပါဟုသာ တွေးရင်း အလုပ်ကို အာရုံစိုက်နေလိုက်သည်... 

My White Cat (YoonMin)  [ Complete ]Where stories live. Discover now