Chanyeolတစ်ယောက် Avengerအဖွဲ့က ဆင့်ခေါ်သောကြောင့် ဌာနချုပ်ဆီ ရောက်နေခြင်းပင်...
Avengersအဖွဲ့သည် Chanyeolတို့ပြောင်းလာသောမြို့လေးကို အခြေစိုက်ယူကာ ကမ္ဘာကြီးကို ကာကွယ်ကြဖို့ ဖွဲ့ထားသော လူစွမ်းကောင်းအဖွဲ့ဖြစ်သည်..
အကုန်လုံးက သိုသိုဝှက်ဝှက်နဲ့ အသီးသီး လူစွမ်းကောင်းအလုပ်များကို လုပ်ကြသော်လည်း Heroလောကတွင်းတော့ အချင်းချင်းကြားဖူးနားဝရှိကြလေတော့ အခုမှ ဒီမြို့ကို ပြောင်းလာတဲ့ Chanyeolကိုလည်း အဖွဲ့ထဲ သိမ်းသွင်းလိုကြပုံရသည်...
ဒါပေမယ့် ဘယ်လိုလုပ်မလဲ Chanyeolဆိုတာ တစ်ကိုယ်တော် လှုပ်ရှားတဲ့သူ..
Deadpoolဟု နာမည်ကြီးသော Chanyeolအတွက် အဖွဲ့အစည်းလိုက်လုပ်ခြင်းထက် တစ်ယောက်ထဲ ဟောဟောဒိုင်းဒိုင်း လုပ်လိုက်ခြင်းက ပိုပြီးတွင်ကျယ်သည်ဆိုသော အတွေးသည် သံမှိုစွဲနေသော အယူအဆမျိုးပင်..
အခုလည်း ကိုယ့်ကိုသိမ်းသွင်းဖို့ သူတို့Avengerအဖွဲ့ကြီးရဲ့ တွေ့ဆုံပွဲကို ခေါ်နေမှန်းသိပေမယ့် ကိုယ့်ရဲ့ စိတ်ဓာတ်အယူအဆကို သူတို့သိအောင် ပြတ်ပြတ်သားသားငြင်းဖို့ ဆုံးဖြတ်ထားတာကြောင့် သွားဖို့လုပ်နေခြင်းဖြစ်သည်..
အဆောက်အအုံကြီးက အတော်ကြီးတော့ နည်းနည်းတောင် ဖြုံသွားသည်.. သူတို့ ကမ်းလှမ်းချက်ကို ငြင်းရုံနဲ့တော့ ဝိုင်းပြီး မဗျင်းလောက်ဘူး ထင်ရတာပဲ.. Hulkဖြစ်သူ Kyungsooဆိုသောသူကိုတော့ ထိန်းထားကောင်းပါရဲ့ တော်ကြာ စိတ်ဖောက်ပြီးထလုပ်မှာတော့ လန့်သည်..
ဌာနချုပ်ဝင်ပေါက်ထဲ Chanyeolဝင်သွားတာနဲ့ ပုံရိပ်ယောင်သီးသန့်စက်ရုပ်က အသင့်စောင့်ကြိုနေသည်..
"မင်္ဂလာပါ.. Heroတွေအားလုံး စောင့်နေကြပါတယ် မစ္စတာ Chanyeol. Avengerဌာနချုပ်က ကြိုဆိုပါတယ်"
Wow.. အတော်လန်းတဲ့ Virtual Image Robotလေးပါလား.. တော်ရုံတန်ရုံမြင့်တဲ့နည်းပညာလား.. မသိရင် လူစင်စစ်က လာပြောနေတဲ့အတိုင်း Imageတစ်ခုလို့တောင် မထင်ရ..
"Okပါ.. အဲ့ဒီစောင့်နေတယ်ဆိုတဲ့ဆီ ဘယ်လိုသွားရမလဲမသိ"
"ကျွန်မလမ်းပြပေးပါ့မယ်"
YOU ARE READING
Bravery's Romance ( One Shot )
FanfictionOne shot from 11:11 Fic Book "Perfect Two" Thank you to Asuna's Exotics Cover shop for this amazing cover~