Part-17 ( nightmare)

24K 1.8K 32
                                    

Unicode

လွန်ခဲ့သော 7 နှစ်ခန့်က...

"အဲ့ကောင်ရဲ့ မွေးစားအဖေက gay လေ သူလည်းသူ့အဖေလို gay ပဲနေမှာပေါ့"

Win ၏စကားကိုသူတို့အားလုံးခေါင်းငြိမ့်လိုက်သည်။

"Gay တွေကရွံစရာကောင်းလိုက်တာကွာ"

Jasper တို့အဖွဲ့ထိုကောင်လေး အနားသို့သွားကာ ကောင်လေး၏လွယ်အိတ်ကိုယူ၍ကြမ်းပြင်ပေါ်သွန်ချလိုက်သည်။

သူတို့ကိုကြောက်လန့်စွာမော့ကြည့်လာသည့်ကောင်လေးကို Jasper စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"ဘာကြည့်တာလဲ..ဟမ်!!!"

အသံကျယ်ကျယ်အော်ပြစ်လိုက်တော့ ခေါင်းလေးငုံ့သွားကာ တုန်ယင်နေရှာသည်။ အတန်းထဲမှလူများရှိပေမယ့် ဘယ်သူမှဝင်မပြောရဲကြပေ။

"အခြောက်လေးလန့်သွားတာ ကြည့်ပါဦးကွာ အသဲတော်တော်နုတာပဲ"
"သွားကြရအောင်ပါကွာ.... အခြောက်တွေမြင်နေရရင် စားထားသမျှပြန်အန်ချင်လွန်းလို့ပါ"

လှောင်ရယ်သံများနှင့် သူတို့အခန်းထဲမှထွက်သွားပေမယ့် ငိုနေသည့်ကောင်လေးကို မည်သူတစ်ဦးတစ်ယောက်ကမှ အားပေးနှစ်သိမ့်ခြင်းမရှိပေ။

နောက်ခံမိသားစုချမ်းသာသည့် Jasper တို့အဖွဲ့လုပ်သမျှကိုမည်သူကမျှမတားဆီးရဲဘဲ မပတ်သက်မိအောင်သာနေကြသည်။

Gay တွေကိုဆိုလျှင် သူတို့အားလုံးရွံမုန်းကြကာ အမြဲအနိုင်ကျင့်တတ်သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ဒီကိစ္စကို သားသိသွားရင် စိတ်ထိခိုက်သွားလိမ့်မယ်
Nam ကိုမုန်းရင်တောင် ကျေးဇူးပြုပြီး သားကိုဒီအကြောင်းမပြောပါနဲ့...Nam တောင်းပန်ပါတယ်...."

ကျောင်းကပြန်လာပြီး Daddy ရဲ့အခန်းရှေ့ကဖြတ်အလျှောက်မှာကြားလိုက်ရသည့်အသံကြောင့် Jasper ခြေလှမ်းများရပ်တန့်သွားကာ စေ့ထားသောတံခါးကိုအသာဟကြည့်လိုက်သည်။

Daddy ရှေ့မှာ Mommy က ဒူးထောက်ကာငိုပြီးတစ်ခုခုကိုတောင်းပန်နေသည်။

"နောက်ထပ် ဒီဓာတ်ပုံတွေကိုမကိုင်တော့ပါဘူး P'
Nam တောင်းပန်ပါတယ် ဒီအခန်းထဲကိုလည်းထပ်မဝင်တော့ပါဘူး.....
သားကိုတော့ P' Ton နဲ့ပတ်သက်ပြီးမပြောပါနဲ့နော်...."

The Promise (Completed) Where stories live. Discover now