You

307 23 0
                                    

Unicode
အချိန်စက်ဝန်းများ ပြောင်းလဲလာချေပြီ။
သူလေးကို ပထမဆုံး လက်ကြယ်သီး တပ်ပေးရသည့် အချိန်နဲ့မတူ။ 15နှစ်ဆိုသော အချိန်ကာလက တဖြည်းဖြည်းကုန်လွန်ခဲ့ပေပြီ။

4နှစ် အရွယ် ကလေးလက်မှ အခုတော့ 19နှစ် ကောင်လေးတစ်ယောက်ရဲ့ လက်ကြယ်သီးကို တပ်ပေးနေရပြီ။

သူရဲ့mentor အနေနဲ့စရောက်လာသော ကျတော်သည် နောက်ပိုင်းတွင် ထိုကောင်လေး၏Secretary တစ်ယောက်ဖြစ်လာသည်။

''ဒီနေ့ ကျတော်တို့ အမေရိကန်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲရှိတယ်။ နေ့လည် 1နာရီ မှာ
ပါတီတစ်ခု တက်စရာရှိတယ်။ 3နာရီမတိုင်ခင် Company ကို ပြန်လာရမယ် သခင်လေး''

သူကို အကျီၤ လဲပေးရင်း ဒီနေ့လုပ်ရမည့် to-do listကို သတိပေးနေရသည်။
ဖြောင့်တန်းကာ မဲမှောင်နေသော စင်ရော်မျက်ခုံးမွှေး  V-shaped ပုံစံ မျက်နှာ တောင့်တင်းကျစ်လျစ်သော body structure တို့သည် အရွယ်ရောက် ယောကျာ်းပျို တစ်ယောက်၏ကြည့်ကောင်းသော အဂါၤရပ်များပင်။
အပြာရောင်မျက်ဝန်းတစ်စုံသည် စွဲဆောင်မှုတစ်မျိုး  ။

ကျနော် ပထမဆုံးစတွေ့ခဲ့သော Jo ဟုသော ကလေးလေးသည် ယခုတော့ ကုမ္ပဏီ သုံးခု နှင့် Minamijojo လုပ်ငန်းစုကြီးကို အုပ်ချုပ်ရသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပေပြီ ။

တစ်ခုရှိတာက သူရဲ့ ကြယ်သီးတွေကိုတောင် အခုချိန်ထိ သူမတပ်တတ်သေးဘူး။ ကြာလာတော့သူကိုယ်တိုင် တကိုယ်ရည် လုပ်ရမဲ့အရာတွေမှာတောင် မကျွမ်းကျင်တော့ဘူး။

''ဒီနေ့ အပြာရောင် Neck tieကို ဝတ်ကို ဝတ်ရမှာလား ?''

''သခင်လေးမကြိုက်ဘူးလား ''

ကျတော် Neck tieချည်ပေးရင်း

''သခင်လေးနဲ့လိုက်ပါတယ်။ တွေ့လား ''

ပြောရင်း လက်မောင်းကို ကိုင်ကာ မှန်ရှေ့သို့ သူကိုယ်သူ လှည့်ကြည့်ခိုင်းလိုက်သည်။
့် အသက် 40ကျော် လူကြီးပိုင်း အရွယ်ရောက်နေပြီဖြစ်သည့် ကျတော် နှင့် အရပ် မတိမ်းမယိမ်း ယှဉ်ရပ်နေသော  နုနယ် ပျိုရွယ်ခန့်ညားသော ထိုကောင်လေး ၏ပုံရိပ်သည် မှန်ထဲတွင်ထင်နေလျက်။

Bind You With A Sweet Contract(Completed)Where stories live. Discover now