Chapter ( 22 ) 24 *

37.3K 2.9K 80
                                    

" Joy ကိုကန်တင်းမှာမဆုံရတာ ကြာပြီနော်။ အခုတစ်လော အတော်အလုပ်ရှုပ်နေပုံရတယ်။ စာတွေကတစ်ဖက်၊ သူ့အနုပညာအလုပ်ကတစ်ဖက်နဲ့ "

ဆရာ့စာသင်ချိန်ပြီးတော့ နေ့လယ်ထမင်းစားနားချိန်ဖြစ်သဖြင့် စိုင်းနဲ့ ကျော်ဇော် ကန်တင်းသို့ထွက်လာခဲ့ကြသည်။ကော်ရစ်တာမှာ နှစ်ယောက်ဘေးချင်းယှဉ်လျှောက်ရင်း ထိုစကားကို ကျော်ဇောက သတိတရ ပြောလာသောအခါ စိုင်းသည် Joy နဲ့မိမိအကြားမှာ ဖြစ်ပျက်သွားခဲ့သည့် အဲသည်နေ့ညနေက အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားခဲ့ပြီး မလုံမလဲဖြစ်သွားရကာ ရုတ်ချည်းပင် ဝမ်းနည်းလာခဲ့သည်။

တစ်ဦးတည်းသောသားဖြစ်သောကြောင့် အချိန်တော်တော်များများမှာ အဖော်ကင်းမဲ့စွာ တစ်ယောက်တည်းသာ ရှင်သန်ကြီးပြင်းခဲ့ရသောစိုင်းသည် အစ်ကိုတစ်ယောက်ဖြစ်ဖြစ်၊ ညီလေးတစ်ယောက်ဖြစ်ဖြစ် အသည်းအသန်လိုချင်ခဲ့၏။ အဲသည်စိတ်ကြောင့် Joy ကို အစ်ကိုအရင်းတစ်ယောက်လို၊ ပြောမနာဆိုမနာ သူငယ်ချင်းတစ်ယောက်လိုထက်ပို၍ နေရာမပေးနိုင်သည့်တိုင် ခင်မင်ရင်းနှီးစွာ ဆက်လက် အပေါင်းအသင်းဖြစ်လိုနေသေးသည်။ သို့သော် ဤကိစ္စပြေလည်သွားဖို့ဆိစိုင်းဘက်က စတင်လှုပ်ရှား၍ မဖြစ်ချေ။

Joy ကို မိမိဘက်က စပြီး
ရင်းနှီးလိုကြောင်း ပြောလိုက်လျှင်
မချစ်နိုင်မကြိုက်နိုင်ဘဲ မျှော်လင့်ချက်ပေးသည်ဟု ထင်မြင်ယူဆသွားမှာကို စိုင်း အလွန်တရာ စိုးရွံ့နေမိလေသည်။

" ဟယ်လိုကောင်လေးတို့ "

ရုတ်တရက် မိမိ၏ ညာဘက်ပခုံးကို ဆုပ်ကိုင်ဖျစ်ညှစ်လာသော လက်တစ်စုံကြောင့် မော့ကြည့်လိုက်တော့ မမျှော်လင့်စွာ Joy ဖြစ်နေခဲ့သောကြောင့် စိုင်း အံ့ဩတကြီး ဝမ်းသာသွား၏။ ခန္ဓာကိုယ်နှစ်ခုကြားမှာ နေ၍ မိမိတို့နှစ်ယောက်စလုံးကို တစ်ဖက်တစ်ချက်စီ ပွေ့ဖက်ထားခဲ့သော Joy ၏ ဖြူဝင်းချောမွှတ်သော မျက်နှာကလေး ပကတိပြုံးရွှင်နေသည်။

" အခုပဲ အစ်ကို့အကြောင်းပြောနေကြတာ "

သူတို့သုံးယောက် တပူးပူးတတွဲတွဲ လျှောက်လာရင်း ကျော်ဇောက အားတက်သရော ဆိုသည်။ စိုင်းသည် မျက်လွှာချလျက် Joy ၏ ဗန့်စ်တံဆိပ် အနက်ရောင် ခြေနင်းဖိနပ်ကလေးကို ငေးကြည့်ရင်း လျှောက်လာသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now