☆Part 6☆

2.9K 307 43
                                    

တတီတီ မြည်နေသည့် ဘေးနားဆီက
နှလုံးခုန်တိုင်းတာသည့် စက်ကလေး ကတည်ငြိမ်နေသလို ...
ကျွန်တော့ရဲ့ ချစ်သူသည်လည်း ကုတင်လေးပေါ် တိတ်ဆိတ် ငြိမ်သက် နေဆဲ...
နာရီပေါင်းများစွာ အရေးပေါ်ခန်းထဲ
ဆရာဝန်တွေနဲ့အတူ အစွမ်းကုန် ကြိုးစားပြီး ရှင်သန်လာခဲ့ရတဲ့ သူက
အခုထိ သတိပြန်မရသေးပဲ လဲလျောင်းနေဆဲ..

Chanyeollie ရဲ့ Omma အပြင်ထွက်သွားတုန်း အခန်းလေးထဲဝင်ကာ
ဖြူလွှလွှလက်ဖဝါးပြင်ကြီးကို ဆုပ်ကိုင်ပြီး မျက်လွှာချထားဆဲ မျက်နှာချောချောကို ငေးကြည့်ရင်း ပြန်နိုးလာမည့်အချိန်ကို စောင့်နေမိ သည်...

" Chanyeollie ~~~
ပင်ပန်းခဲ့တယ် မလား ? အားလုံး ငါ့ကြောင့် ဖြစ်ရတာတွေချည်းပါ ... ငါ့အပြစ် တွေကို ခံယူမှာမလို့ .. မြန်မြန်နိုးလာတော့လေ~~~ ငါမင်းပေးမယ့်အပြစ်တွေကို ကျေကျေနပ်နပ်ကြီး လက်ခံဖို့ စောင့်နေတယ်  ~~ "

ဒီအပြစ်သားကို စီရင်ဖို့ ထလာသင့်ပြီ Chanyeollie ရ ~~

မနိုးထသေးပဲ လဲလျောင်းရင်း ငါ့ကို စိတ်ပူစေတာလည်း အပြစ်ပေး တာပဲလား Chanyeollie ~~
ဟင့်အင်း ... အနည်းဆုံးတော့ ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး တစ်ခုခုတော့ပြောသင့်တယ် မင်းရ...
ဒီလိုကြီး လဲနေပြီးတော့ မလုပ်သင့်ဘူးလေ ~~ မင်းလည်း လဲနေရလို့ ကျောတွေနာနေပြီပေါ့ ..
ကိုယ့်ကိုကိုယ် အနာခံပြီး ငါ့ကို အပြစ် မပေးပါနဲ့လား ~~

လက်ဖမိုးလေးပေါ် တိုးကပ်သွားရင်း ပါးပြင်နှင့်အပ်ကာ လဲလျောင်း နေသည့်သူကို တစ်ဖန်ကြည့်မိသည်..
ဒီရက်ပိုင်းတွေမှာ မျက်ရည်တွေက မခမ်းမခြောက် အချိန်တိုင်း ကျနေတယ်...  ငိုတာမကြိုက်မှန်း သိပေမယ့် နည်းနည်းတော့ ငါခံစားရတာ သက်သာတယ် Chanyeollie ရ ..

ပါးပြင်ကို လာထိသည့် ဆတ်ခနဲလှုပ်ရှားသွားသော လက်ချောင်းလေးကြောင့် ကြောင်အ စွာ Chanyeollie ကို ငေးကြည့် နေမိသေးသည်..

သူ.... သူ သတိရလာပြီ ? !!!

" Chanyeollie ~~ Chanyeollie!! သတိရလာပြီလား ? Chanyeollie !!! "

တတွတ်တွတ်ရေရွတ်ရင်း ဆုပ်ကိုင်ထားဆဲ လက်ဖဝါးပြင်ကို ပိုလို့ တင်းကြပ်စွာ ဆုပ်ကိုင်မိသည်..

Curious Fate 💥 ( Season 2 )Where stories live. Discover now