Ep - 25

362 58 10
                                    

Ep - 25

Kris : မြန်​မြန်​ထပြီး ​ရေမိုးချိုး​တော့ ထမင်းစားမယ်​ ငါ Baek ကို အကြာကြီးမ​စောင့်​​စေချင်​ဘူး

Kris ​ပြောပြီး ချက်​ချင်းလှည့်​ထွက်​သွားတယ်​ ကုတင်​​ပေါ်မှာထိုင်​​နေတဲ့ Lay မျက်​ရည်​များစီးကျကာ ထွက်​သွားတဲ့ Kris ​ရဲ့ ကျောပြင်​ကိုသာ​ငေးကြည့်​​နေမိ​နေတယ်

Lay ဒီ​လောက်​​လေးပါ ဒီနာကျင်​မှု​လောက်​နဲ့​တော့ မ​သေပါဘူးလို့ သူ့ကိုယ်​သူဘယ်​​လောက်​ပဲ​ပြော​နေပါ​စေ
သူ့နှလုံးသားက နာကျင်​မှုဒဏ်​ကို မခံစားနိုင်​​တော့လို့ တစ်​ဖြေး​ဖြေးနဲ့ ​သေဆုံး​နေပြီလားမှမသိတာ

Lay ထလာပြီး ​ရေချိုးခန်းထဲဝင်​သွားကာ ​​​ခြေလက်​မျက်​နှာသစ်​ပြီး သူ့ကိုယ်​သူမှန်​ထဲ ပြန်​ကြည့်​ကာ " ဘာမှမဖြစ်​ဘူး " လို့ သူ့ကိုယ်​သူ အား​ပေးလိုက်​တယ်

Lay Kris နဲ့ ထပ်​ပြီး ရန်​မဖြစ်​ချင်​​တော့တာနဲ့ ထမင်းစားဖို့ထွက်​သွားလိုက်​တယ်

Kris : ​နှေးတယ်

Kris စကား​ကြောင့်​ Lay Kris ကို တစ်​ချက်​ကြည့်​ကာ Kris နဲ့ Baekhyun ရဲ့ မျက်​နှာချင်းဆိုင်​မှာ ၀င်​ထိုင်​လိုက်​တယ်

Lay : အကြာကြီး ​စောင့်​​စေခဲ့ရလို့​တောင်းပန်​ပါတယ်

Kris : မသိတတ်​ဘူး

Kris Lay ကို ထပ်​​ပြောပြန်​​တယ်​ Baekhyun Kris လက်​ကိုသွားကိုင်​လိုက်​ရင်း Kris ကို မ​ပြောပါနဲ့ ဆိုတဲ့အမူအရာနဲ့ လုပ်​ပြလိုက်​တယ်

Lay ​ရှေ့က နှစ်​​ယောက်​ကို ဆက်​မကြည့်​ နိုင်​​တော့တာနဲ့ မျက်​နှာလွဲလို​က်​တယ်

Baek : Lay ဒါ​လေး စားကြည့်​ပါအုန်း ငါကိယ်​တိုင်​ချက်​ထားတာ

Baekhyun ​​ပြောပြီး အပြုံးချိုချိုနဲ့ ပြုံးပြတယ်
အဲ့အပြုံးက ဟန်​​ဆောင်​​နေတာ Lay သိတယ်

Lay : Baek ကိုယ်​တိုင်​ချက်​တာဆို​တော့ ​ကောင်းမှာပဲ​ပေါ့

Lay ဟန်​​ဆောင်​ပြုံးပြပြီး စား​လိုက်​တယ်

Baekhyun ​တောင်​ ဟန်​​ဆောင်​မှ​တော့ Lay လည်း ဟန်​​ဆောင်​ရမှာပဲ​ပေါ့

Hate Me Love YouTempat cerita menjadi hidup. Temukan sekarang