Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၂)/ (က)
--------------------
ရန်ရှီနဉ်သည် ခြံဝင်းထဲတွင် သူမဖခင်နှင့် မျက်နှာချင်းဆိုင်ကာ တိတ်တဆိတ်ပင် ထိုင်နေသည်။
ရန်ကျင်း သူ့သမီးကြီးအပေါ် ဘယ်လောက်တောင် အကြွေးတင်ခဲ့လဲဆိုတာ စဉ်းစားမိရုံနဲ့ သမီးငယ်၏မင်္ဂလာကိစ္စကို ပြောရမယ်ဆိုတော့ သူ အပြစ်ရှိသလို ခံစားလာရသည်။
"ရှီနဉ်...အိမ်ရှေ့မင်းသားက ရှီထျင်းကို လက်ထပ်ချင်နေပြီ" ဟူ၍ ရန်ကျင်း ပြောလာသည်။ "မင်္ဂလာပွဲကို နောက်နှစ်သစ်အစောပိုင်းမှာ လုပ်ဖို့ ရွှေ့ဆိုင်းထားကြတယ်"
ရန်ရှီနဉ် ခေါင်းကိုငုံ့ကာ စိတ်ထဲကနေ ကျိတ်ရယ်နေလိုက်သည်။ သူမဖခင်၏ ရည်ရွယ်ချက်က ရန်ရှီထျင်းရဲ့ သတင်းကောင်းကို ပြောပြ၍ သူမက ရန်ရှီထျင်းကို "ညီမလေးရေ...ဂုဏ်ပြုပါတယ်" လို့ ပြောဖို့ ဆိုလိုချင်တာမဟုတ်မှန်း သူမသိသည်။
သူမအဖေပြောချင်နေတာကတော့ "နင့်ညီမက လက်ထပ်ရတော့မှာ၊ နင့်ညီမအခြေအနေကို စဉ်းစားပြီး ယောက်ျားတစ်ယောက် အမြန်ရှာတော့၊ ဒါမှ နင့်ညီမရဲ့ မင်္ဂလာရှိတဲ့လက်ထပ်ပွဲနေ့ကို မနှောက်ယှက်ရာကျမှာပေါ့" ဟူ၍ပင်။
သူမကို အတင်းအကျပ် ယောက်ျားပေးစားချင်နေသော သူမဖခင်နောက်ကွယ်မှ အဓိကတရားခံသည် မင်းသမီးခန်းဟွာဆိုတာ သိသာသည်။
"အစ်မထက် ရှီထျင်းက အရင်လက်ထပ်ဖို့ဆိုတာ မသင့်တော်ပေဘူး" ဟု ရန်ကျင်း ပြောလာ၏။
ရန်ကျင်း သက်ပြင်းရှည်ကြီး ချကာ မယုံနိုင်စရာကောင်းအောင် အပြစ်ရှိသလို ခံစားနေရပုံပေါ်သည်။
ရန်ရှီနဉ်မှာ သူမအဖေထက်ပိုပြီး အပြစ်ရှိနေဟန်အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ "အဖေတို့ကို စိုးရိမ်ပူပန်ရအောင်လုပ်မိတာ သမီးအမှားပါ"
YOU ARE READING
ဉာဏ်များလွန်းသော ခင်ပွန်းသည်
Historical Fictionဖေ့ကျင်းသည် ဝမ်းတွင်းမည်းမင်းသားတစ်ပါး...အပြင်လူတွေအမြင်မှာတော့ သူက တည်ငြိမ်အေးဆေးပြီး ကြင်နာတတ်သော လူကြီးလူကောင်းတစ်ယောက်... ရန်ရှီနဉ်ကတော့ သိုးရေခြုံနေသော ဝံပုလွေတစ်ကောင်ဖြစ်သည်...အပြင်လူတွေအမြင်မှာတော့ သူမဟာ...