အခန်း (၂)/က

13K 1.2K 0
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၂)/ (က)

--------------------

ရန်​ရှီနဉ်​သည်​ ခြံဝင်းထဲတွင်​ သူမဖခင်​နှင့်​ မျက်​နှာချင်းဆိုင်​ကာ တိတ်​တဆိတ်​ပင်​ ထိုင်​​နေသည်​။

ရန်​ကျင်း သူ့သမီးကြီးအ​ပေါ် ဘယ်​​လောက်​​တောင်​ အ​ကြွေးတင်​ခဲ့လဲဆိုတာ စဉ်းစားမိရုံနဲ့ သမီးငယ်​၏မင်္ဂလာကိစ္စကို ​ပြော​ရမယ်​ဆို​တော့ သူ အပြစ်​ရှိသလို ခံစားလာရသည်​။

"ရှီနဉ်​...အိမ်​​ရှေ့မင်းသားက ရှီထျင်းကို လက်​ထပ်​ချင်​​နေပြီ" ဟူ၍ ရန်​ကျင်း ​ပြောလာသည်​။ "မင်္ဂလာပွဲကို ​နောက်​နှစ်​သစ်အ​စောပိုင်းမှာ လုပ်​ဖို့ ​ရွှေ့ဆိုင်းထားကြတယ်​"

ရန်​ရှီနဉ်​ ​ခေါင်းကိုငုံ့ကာ စိတ်​ထဲက​နေ ကျိတ်​ရယ်​​နေလိုက်​သည်​။ ​သူမဖခင်​၏ ​ရည်​ရွယ်​ချက်​က ရန်​ရှီထျင်းရဲ့ သတင်း​ကောင်းကို ​ပြော​ပြ၍ သူမက ရန်​ရှီထျင်းကို "ညီမ​လေး​ရေ...ဂုဏ်​ပြုပါတယ်​" လို့ ​ပြောဖို့ ဆိုလိုချင်​တာမဟုတ်​မှန်း သူမသိသည်​။

သူမအ​ဖေ​ပြောချင်​​နေတာက​တော့ "နင့်ညီမက လက်​ထပ်​ရ​တော့မှာ၊ နင့်ညီမအ​ခြေအ​နေကို စဉ်းစားပြီး ​ယောက်ျားတစ်​​ယောက်​ အမြန်​ရှာ​တော့၊ ဒါမှ နင့်​ညီမရဲ့ မင်္ဂလာရှိတဲ့လက်​ထပ်​ပွဲ​နေ့ကို မ​နှောက်​ယှက်​ရာကျမှာ​ပေါ့" ဟူ၍ပင်​။

သူမကို အတင်းအကျပ်​ ​ယောက်ျား​ပေးစားချင်​​နေ​သော သူမဖခင်​​နောက်​ကွယ်​မှ အဓိကတရားခံသည်​ မင်းသမီးခန်းဟွာဆိုတာ သိသာသည်​။

"အစ်​မထက်​​ ရှီထျင်းက အရင်​လက်​ထပ်​ဖို့ဆိုတာ မသင့်​​တော်​​ပေဘူး" ဟု ရန်​ကျင်း ​ပြောလာ၏။

ရန်​ကျင်း သက်​ပြင်းရှည်​ကြီး ချကာ မယုံနိုင်​စရာ​ကောင်း​အောင်​ အပြစ်​ရှိသလို ခံစား​နေရပုံ​ပေါ်သည်​။

ရန်​ရှီနဉ်​မှာ သူမအ​ဖေထက်​ပိုပြီး အပြစ်​ရှိ​နေဟန်​အကြည့်​တို့ဖြင့်​ ကြည့်​လိုက်​သည်​။ "အ​ဖေတို့ကို စိုးရိမ်​ပူပန်​ရ​​အောင်​လုပ်​မိတာ သမီးအမှားပါ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now