4

0 0 0
                                    

"အယ်​ရီနဲ့ကိုကိုတို့ မဖြစ်​နိုင်​​တော့ဘူး ကိုကို" တိုးတိတ်​စွာဖြင့်​ အယ်​ရီ​ဖြေလိုက်​သည်​.. ကိုကို့ဘက်​မှလည်း ဘာမှမတုံ့ပြန်​​တော့ပဲ တိတ်​ဆိတ်​​နေခဲ့တယ်​.. ခွင့်​လွှတ်​ပါကိုကို အယ်​ရီပြတ်​သားပါရ​စေ..နှစ်​​ယောက်​စလုံးအတွက်​ အသင့်​​တော်​ဆုံးဖြစ်​မယ်​ထင်​လို့ အယ်​ရီဆုံးဖြတ်​လိုက်​တာပါ..
" မင်းကအဲ့လိုဆုံးဖြတ်​​တော့လည်း ဘာတတ်​နိုင်​မှာလဲ.. အို​ခေ ကိုယ်​တို့ဇာတ်​လမ်းပြီးသွားပြီ​နော်​ " ၃မိနစ်​​ကျော်​ကြာ​လောက်​​တော့မှ ကိုကိုပြန်​​ပြောလာသည်​.. သူ​ပြောချင်​ရာ​ပြောပြီး ဖုန်းလည်း ချသွားသည်​.. အယ်​ရီနာကျင်​စွာနဲ့ ပြုံးလိုက်​သည်​.. အယ်​ရီ့အတွက်​ အချစ်​ဆိုတာ အရင်​က​ရော အခု​ရောပါ ကံမ​ကောင်းခဲ့တဲ့အရာကြီးဆိုတာ အယ်​ရီ​သိပါတယ်​.. ဘယ်​တတ်​နိုင်​မှာလဲ.. ကံကိုပဲအပြစ်​ပုံချရုံပဲ​ပေါ့.. အခု​လောက်​နာကျင်​ရမယ်​မှန်းသိရင်​ လွန်​ခဲ့တဲ့၆လ​ကျော်​အချိန်​​တွေတုန်းက အယ်​ရီ​ရှေ့ဆက်​မတိုးခဲ့ပါဘူးကွယ်​.. အယ်​ရီ့ဘဝရဲ့ ပထမဆုံးရည်းစားဟာ ကိုကိုပါ.. အချစ်​ဦးမဟုတ်​​ပေမယ့်​ ကိုကိုနဲ့ပတ်​သက်​သမျှ အရာရာတိုင်းက အယ်​ရီ့ဘဝအတွက်​ ပထမဆုံး​တွေပါပဲ ကိုကို..​ကျေးဇူးပါ အယ်​ရီ့ကိုတကယ်​ချစ်​ခဲ့​ပေးလို့.. ​ပျော်​ရွှင်​ပါ​စေကိုကို.. အယ်​ရီ့ထက်​အစစအရာရာသာတဲ့ ​ကောင်​မ​လေးနဲ့ အမြန်​ဆုံး​တွေ့နိုင်​ပါ​စေ..

FLASHBACK, ,
အယ်​ရီ6BE တက်​ရ​တော့မယ်​.. ထုံးစံအတိုင်းပဲ အယ်​ရီတစ်​​ယောက်​တည်းပါပဲ.. သူငယ်​ချင်း​တွေ အမြဲစ​နေကျFA​ပေါ့.. ဒီနှစ်​က ​နောက်​ဆုံးနှစ်​ဆို​တော့လည်း ​လက်​ကျန်​ကျောင်းသားဘဝ​လေးမှာ ရည်းစား​လေးတစ်​​ယောက်​​လောက်​​တော့ရချင်​မိသား.. အယ်​ရီတစ်​ခု​တော့ ကံ​ကောင်းတယ်​.. အမြဲတွဲဖြစ်​တဲ့သူငယ်​ချင်း​တွေကလည်း တစ်​​ယောက်​တည်းသမား​တွေက ပိုများ​တော့ အ​ဖော်​ညီတယ်​​ပြောရမယ်​..​ကျောင်းက​တော့ အရင်​နှစ်​တုန်းကလိုပဲ ဖယ်​ရီနဲ့တက်​တယ်​..​ အ​ဆောင်​မှာက​တော့ သူငယ်​ချင်း​လေး​ယောက်​ဆို​တော့ အတွဲညီသွားတယ်​..​ အစစအရာရာ အဆင်​​ပြေ ပါတယ်​..​ ​ကျောင်းကသင်​ရတဲ့ဘာသာ​တွေ မများ​​တော့ပေမယ့်​လည်း project ​တွေ များလာတယ်​.. အယ်​ရီအရင်​ကထက်​ ​နည်းနည်းစိတ်​နှစ်​မှရ​တော့ မယ်​.. ခဏခဏ စိတ်​​ကောက်​တတ်​တဲ့အကျင့်​​တွေလည်း​ဖျောက်​ရမယ်​..​ အယ်​ရီSocial ကျကျ​နေတတ်​​အောင်​ကြိုးစားရမယ်​..​ ဟုတ်​တယ..်​ ​နောက်​ဆို အလုပ်​ထဲ​ရောက်​ရင်​ပိုဆိုးမယ်​..​ အယ်​ရီ့အကျင့်​​တွေနဲ့ဆိုမလွယ်​ဘူး.. အယ်​ရီလိမ္မာပါ​တော့မယ်​..

EVER?LASTING Where stories live. Discover now