နှောင်း

2.6K 111 2
                                    


ချစ်​ခြင်းတရားဟာ ဘယ်​အရာပဲဖြစ်​ဖြစ်​လှပပါတယ်​...

ကျွန်​​တော်​ကြားခဲ့ဖူးတဲ့...စကား​လေးတစ်​ခု...

စစ်​မှန်​​သောချစ်​ခြင်း​တွေ လှပစွာ အဆုံးသတ်​တယ်​တဲ့...

ကျွန်​​တော့်အဖြစ်​က..​ချောက်​ကမ်းပါးမှာ ရပ်​​နေတဲ့သူခိုးတစ်​​ယောက်​လို...

အဖမ်းခံရမှာလဲ ​ကြောက်​တယ်​ ​သေလည်းမ​သေချင်​ဘူး..

ဆုပ်​လည်းစူး..စားလည်းရှုး ဆိုသလိုပင်​...

တကယ်​လို့ ကျွန်​​တော်​ လွှတ်​ချလိုက်​မယ်​ဆိုရင်​​ရော..

ကျွန်​​တော်​လွတ်​လပ်​သွားမှာပါ...

ဟုတ်​ပါတယ်​...ကျွန်​​တော်​လွတ်​လပ်​သွားခဲ့တယ်​...

တစ်​ချိန်​တည်းမှာဘဲ ကျွန်​​တော့်ဘဝရဲ့ စစ်​မှန်​တဲ့အမှန်​တရားတစ်​ခုကိုသိလိုက်​ရတဲ့အခါ...

အခါ​နှောင်း သွားခဲ့ပြီ.....။

နှောင်း
♡ ♡ ♡

"ငါမင်းကိုချစ်​တယ်​jimin.."

သူ့ဘက်​ကဖွင့်​ဟဝန်​ခံခဲ့​သောစကား​...
ဒီစကားအဆုံးမှာ ကျွန်​​တော့်​တစ်​ကိုယ်​လုံးမှာရှိတဲ့ အ​ကြော​တွေပိတ်​သွားသလိုပင်​.. သူကကျွန်​​တော့်​ကိုချစ်​တယ်​တဲ့လား
ရူးတာ..မဖြစ်​နိုင်​ဘူး..​ကျွန်​​တော်​တို့က သူငယ်​ချင်း​တွေ..ပြီး​တော့​ယောက်ျား​လေး.. ဒီ့ထက်​​ပို​သေချာတာက..ကျွန်​​တော်​သူ့ကိုမချစ်​ဘူး...။

"ငါက​တော့မင်းကိုမချစ်​ဘူး..tae yar..ငါ့တို့​တွေအ​နေနီးလို့မင်းခုလို့ဖြစ်​.."

"Jimin!!! ငါအတည်​​ပြော​နေတာ..ငါမင်းကိုချစ်​တယ်​..ငါမင်းကိုအရမ်းချစ်​.."

ဟုတ်​တယ်​..။သူ့ပုံစံကအတည်​​ပြော​နေသလိုပင်​..။မဟုတ်​ဘူး..ကျွန်​​တော်​သိတယ်​..ကျွန်​​တော့်​ဂရုစိုက်​မှု​တွေ​အောက်​မှာ..သံ​ယောဇဉ်​ကို အချစ်​လို့အထင်​မှား​နေတာ..။

"​​တော်​စမ်းtae!မင်း​တော်​လိုက်​​တော့.."

"ဘာလဲ..မင်းက..ငါ့လိုဒုက္ခိတစ်ေ​ယာက်​ရဲ့ချစ်​သူဖြစ်​ကမှာရှက်​လို့လား..​ပြောစမ်း..မင်း​ပြောစမ်းပါ."

One Shot Fiction BTS💜Where stories live. Discover now