အပိုင်း-၁၁

998 100 4
                                    

The Story Start -

 " ဒါဆို .. အခုည  .. တိုကျို တာဝါ လိုက်ပို့မှာ လား "

" အင်း ဘာလဲ .. Chim က မသွားချင်ဘူးလား .. "

ညနေပိုင်း ရောက်နေသည့်တိုင် ဟိုတယ်ခန်းထဲမှာ အလုပ် လုပ်နေသော RM ကြောင့် ပျင်းရိ ခွေလိမ်နေသော Jimin မှာ အပြင်သွားမည့် အသံကြားသည်နှင့် ခုန်ပေါက်နေတော့သည် ။

" မဟုတ်ပါဘူး .. သွားချင်တာပေါ့ .. အ၀တ်အစားတောင် ရွေးထားပီ "

" အင်း .. လဲထားတော့ .. ဒါလေး လက်စသတ်ဦးမယ် .. "

" Hyung ... ပီးရင်လေ .. ဆူရှီဆိုင်လဲ လိုက်ပို့နော် .. အာ .. ပီးတော့ မီးပုံး လှည့်တဲ့ ပွဲ လည်း ရှိတယ်တဲ့ သွားရအောင်နော် .. "

" မီးပုံး လှည့်တဲ့ပွဲ ... Shimbashi kaichi လား.. "

" အင်း ဘာလဲတော့မသိဘူး ကြည့်ချင်တယ် လိုက်ပို့နော် "

" အဲ့ပွဲက .. ရိုးရာ ၀တ်စုံနဲ့မှ သွားလို့ရတာတဲ့လေ .. "

" 😞 .. ဘယ်လို လုပ်မှာလဲ .. သွားချင်တာကို .. "

ဆူပုတ်သွားသော ကောင်လေးအား RM ကြည့်ရင်း အားရပါးရ ရယ်တော့ မျက်စောင်းလေးနဲ့ ကြည့်လာသည့် ကောင်လေး 

" ဘာရယ်တာလဲ အဖိုးကြီး "

ဘာရယ်တာလဲ ဆိုတာကို အကျယ်ကြီး ပြောကာ အဖိုးကြီး ဆိုသည့် စကားကို တော့ တိုးတိုးလေး ပြောလိုက်ခြင်းသာ .. 

" ဟင် .. ဘယ်လို ခေါ်လိုက်တာ "

" အို .. အိုပါးလို့ ခေါ်လိုက်တာ "

နှစ်ယောက်စလုံး၏ ပါးပေါ်တွင် ဖြတ်ပြေးသွားသော အရောင်တစ်ချို့ကို မည်သူမျှ မြင်နိုင်မည် မဟုတ်ပါချေ ။

" အဟမ်း .. ထားပါတော့ .. သွားကြမယ် အလုပ်လဲ မလုပ်တော့ဘူး "

" ရေး .. မုန့်စားမယ် "

ဤ သို့ ဖြင့် RM တို့ လင်မယား (အဲ လင်လင်ပေါ့နော် )

RM တို့ လင်လင် နှစ်ယောက်က Mask များ တပ်ရင်းဖြင့် တိုကျို တာဝါဘက်သို့ စတင် ခရီးထွက်ခဲ့ကြလေသည် ။

" Hyung .. ဓာတ်ပုံ ရိုက်ပေး "

" အင်း .. ပေးဖုန်း .. "

Please Take Your Love For MeWhere stories live. Discover now