အခန်း (၃)/ ခ

11.6K 1.2K 50
                                    

Zawgyi Ver:

အဲ့ဒီနေ့ နေ့လည်မှာပဲ ဖေကျင်းက ရန်ရှီနဉ်ကို လက်ထပ်ဖို့ရည်ရွယ်ကြောင်း အရှင်မင်းကြီးနဲ့ ဆွေးနွေးခဲ့တယ်။

အရှင်မင်းကြီးက သူ့ရဲ့(၉)ယောက်မြောက်သားကို အမြဲတမ်းဂရုစိုက်လေ့မရှိဘူး။ ဖေကျင်းရဲ့စကားတွေက မသင့်လျော်တာမရှိဘူးလို့ ထင်တဲ့အတွက် အရှင်မင်းကြီးက လိုလားစွာပဲ ခွင့်ပြုပေးလိုက်တယ်။

နောက်တစ်နေ့မနက်စောစောမှာပဲ ဖေကျင်းက ရန်ရှီနဉ်ကိုလက်ထပ်ဖို့ ရန်ကျင်းရဲ့ခွင့်ပြုချက်ယူဖို့အတွက် ရန်အိမ်တော်ကိုသွားရောက်ခဲ့တယ်။

မနေ့ကတင်ပဲ ရန်ကျင်းဟာ အခမ်းအနား၌ သူ့သမီးကြီးယောက်ျားရှာဖို့အစီအစဉ် ကျရှုံးခဲ့တဲ့အတွက် သောကများနေတဲ့ရုပ်နဲ့ ရန်အိမ်တော်ကို ခေါင်းတခါခါနဲ့ပြန်လာခဲ့တယ်။

ရန်ကျင်းဟာ မင်းသား(၉) ရန်အိမ်တော်ကိုလာပြီး သူ့သမီးအကြီးဆုံးကို လက်ထပ်ဖို့လာတောင်းဆိုတဲ့အခါ အလွန်အံ့ဩဝမ်းသာနေခဲ့တယ်။ သူ့သမီးကြီးဟာမဖြစ်မနေ လက်ထပ်ရမယ်ဆိုတာကို သူသိတယ် ဒါပေမယ့် သူ့သမီးကြီးရဲ့ယောက်ျားက အခုလိုတစ်မိုးအောက်တစ်ယောက် အဆင့်မြင့်လွန်းမယ်လို့ သူလုံးဝမထင်ခဲ့ဘူး။

ကြင်နာတတ်တဲ့မင်းသား(၉)ရဲ့ သူ့သမီးကြီးအပေါ် ချီးကျူးမှုတွေနဲ့ ချစ်ခင်နှစ်သက်ကြောင်းဝန်ခံတဲ့စကားတွေက ရန်ကျင်းကို နားဝင်ချိုစေတယ်။

မင်းသမီးခန်းဟွာကတော့ မင်းသား(၉)ဟာ ရန်ရှီထျင်းနဲ့ ရန်ရှီနဉ်ကို လူမှားနေတယ်လို့ ထင်လိုက်တယ်။

နောက်ဆုံးမှာတော့ ရန်ရှီနဉ်သည် လူရမ်းကားရဲ့ တောင်းဆိုချက်ကိုကြားမိပြီး သူမပါးစပ်ထဲက လက်ဖက်ရည်ကြမ်းတွေတောင် ပြန်ထွက်ကုန်တော့တယ်။ ရန်ရှီနဉ်က မယုံကြည်နိုင်စွာနဲ့ မျက်လုံးပြူးပြီး သူမနဲ့ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ သူမရဲ့အဖေကိုကြည့်နေခဲ့တယ်။

"ရှီနဉ် ကြင်နာတတ်တဲ့ မင်းသား(၉)က အုပ်ချုပ်ရေးပိုင်းမှာ အာဏာသိပ်မရှိပေမယ့် သူကမင်းသားတစ်ပါးပဲ....." ရန်ကျင်းကပြောခဲ့တယ် "သူ့ကိုအကဲခတ်လာတာ နှစ်အတော်ကြာပြီ သူကကောင်းတဲ့သူတစ်ယောက်ပါ..... သူ့ညီအစ်ကိုတွေနဲ့မတူတာက သူကထီးမွေနန်းမွေမလိုချင်ဘူး..... သမီးသူ့ကိုလက်ထပ်ရင် သမီးရဲ့ဘဝတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်းနေရလိမ့်မယ်....."

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now