Part-13

1.8K 148 1
                                    

သိပ်ချစ်တယ် NiNi 🐻part 13🐻

               တစ်အိမ်လုံးကို သန့်ရှင်းရမည်ကို တွေး၍ တတ်တတ်ကြွကြွ ဖြစ်စေရန် သီချင်းလေးနဲ့ ဒွန့်ရင်း အလုပ်လုပ်ရင် အလုပ်လည်းပြီးမည်။ နောက်ပြီး ဒီရက်ပိုင်းအတွင်း နှလုံးခုန်သံမူမမှန်တာတွေပါ မေ့ဖျောက်နိုင်မည်ထင်။မျက်လုံးရှေ့တွင် ရစ်ဝဲနေသော ဆံသားနုနုကို ကြက်ပေါင်ကြိုးနှင့် စည်းနှောင်လိုက်သည်။

                 အလုပ်ချိန် နောက်ကျနေမည် စိုးသောကြောင့် အမြန်ထွက်လာခဲ့ကာမှ အစည်းအဝေးချိန်ရောက်ခါနီးမှ အရေးကြီးတဲ့ စာရွက်စာတမ်းတွေက အိမ်မှာ ကျန်ခဲ့မှန်းသိရသည်။ အိမ်ကို ကျနော်ကိုယ်တိုင် ပြန်ယူမှဖြစ်မည်။ သူက ကျနော့စာရွက်စာတမ်းတွေကို သိမည်မထင်။ အစည်းအဝေးကိုတော့ ထမင်းစားပြီးချိန် ပြီးမှ လုပ်ရန်မှာခဲ့ပြီး အိမ်ကို ပြန်ခဲ့သည်။အိမ်မှာ ထမင်းစားပြီးမှ အလုပ်ကို ပြန်မည်ပေါ့။

🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻🐻

                  တိတ်ဆိတ်လှသော ရပ်ကွက်အတွင်းတွင် သူ့အိမ်တစ်ခုတည်းသာ အသံပေါင်းစုံထွက်နေသည်။ အသံက ကျယ်တယ်လို့လည်း မဟုတ်ပေမဲ့ ဒီလိုရပ်ကွက်တွင် ဒီလိုဖွင်မည့်သူ မရှိသောကြောင့် အသံက ကျယ်နေသည်။ အိမ်နဲ့နီးလေလေ အသံက ပိုကျယ်လာလေလေ။

                 အိမ်ထဲသို့ ကားနှင့်ဝင်သွားသည်။ အရင်က ကျနော့ကားသံကြားလျှင် ကျနော့ဆီ မပြေးရုံတမယ် လာကြိုလေ့ရှိသော ၀က်ဝံလေး
အခုတော့ အရိပ်အယောင်တောင် နည်းနည်းမှမတွေ့ရ။ သီချင်းသံကြောင့် သူအိမ်မှာရှိသည်ကိုတော့ သိသည်။ ကျနော့ကို လာမကြိုနိုင်အောင် ဘာတွေလုပ်နေတာပါလိမ့်။

                  ကိုယ့်အိမ်ကို သူခိုးခြေလှမ်းဖြင့် ခိုးကြောင်ခိုးဝှက် ပြန်ချောင်းသူသည် ဤကမ္ဘာတွင် ကျနော်တစ်ယောက်သာ ရှိမည်ထင်။

                  သီချင်းသံ မတိုးမကျယ်ကို အလုပ်လုပ်ရင်း လိုက်ညီးနေသူမှာ ကျနော့ အသည်းတစ်ခြမ်းဖြစ်သော ၀က်ဝံပေါက်လေး။သူ့ကို အခုအသေအချာကြည့်မိတော့။ အိုး...  ငါ့ကို နှာခေါင်းသွေးလျှံစေချင်သည် ထင်ပ့။

သိပ်ချစ်တယ် NiNiDonde viven las historias. Descúbrelo ahora