Ep.23

959 69 31
                                    

That's Our Destiny
~~~~~

အရမ်းအေးပြီးအရမ်းစောနေသေးလွန်းတဲ့ကြာသပတေး
နေ့မနက်ခင်းမှာ Seung Wan စောစောစီးစီးစိတ်မ
ကြည်ဖြစ်နေသည်။

အကြောင်းကမနက်စောစောစီးစီးမိနစ်90လောက်ကြာ
အောင်မောင်းရမယ့်သူတို့ Son Jewelry ရဲ့အဓိက
စက်ရုံကိုအစည်းဝေးတက်ရဖို့သွားရမှာဖြစ်ပြီးအဲ့ကနေသူ့
ရဲ့ရုံးခန်းရှိတဲ့Main HQ ကိုမိနစ်90 လောက်မောင်း
ပြီးပြန်လာရမှာမို့လို့လေ။

Alarm က 4:45 မှာထမြည်လာတော့ Seung
Wan သူ့ခါးကိုဖက်ထားတဲ့ Ju Hyunရဲ့လက်ကို
Ju Hyun မနိုးအောင်ဖြည်းဖြည်းချင်းဖယ်လိုက်ပြီး ထထိုင်လိုက်သည်။

Seung Wan သက်ပြင်းချလိုက်ပြီးသူ့ဘေးမှာခွေခွေ
လေးအိပ်ပျော်နေတဲ့ Ju Hyunကိုကြည့်လိုက်သည်။

*ဒီလိုချစ်စရာကောင်းတဲ့ဟောက်သံထွက်အောင်ဘယ်
လိုလုပ်ပြီးတော့များအိပ်လဲ..ဟမ်?*

သူJu Hyun နဖူးကိုဖွဖွလေးနမ်းလိုက်ကာလက်ဖဝါး
ဖြင့်Ju Hyunရဲ့ပြားနေတဲ့ဗိုက်ပေါ်ကိုဖြည်းဖြည်းလေး သပ်လိုက်သည်။

Seung Wanရဲ့ရုတ်တရက်အထိအတွေ့ကြောင့်Ju
Hyun ဆီမှညည်းသံတိုးတိုးလေးထွက်လာကာမျက်ခုံး
တွေကတဖြည်းဖြည်းကျုံ့လာတာကို Seung Wan
ကြည့်နေလိုက်သည်။

Ju Hyun လက်ကဟိုစမ်းဒီစမ်းနဲ့ Seung Wan
ရဲ့ခေါင်းအုံးကိုယူလိုက်ပြီးသူ့မျက်နှာနားထားလိုက်ကာ ခေါင်းအုံးက Seung Wanရဲ့အနံ့ကိုရှုသွင်းလိုက်ပြီး ဆက်အိပ်သွားသည်။

Seung Wan တိုးတိုးလေးရယ်လိုက်ကာ

*Hyun ကငါ့ကိုရှာနေတာလား?*

အချိန်ကလည်းတဖြည်းဖြည်းနဲ့ကုန်လာတော့ Seung Wan ပျင်းပျင်းနဲ့ညည်းတွားလိုက်ကာကုတင်ပေါ်ကနေ
ထလိုက်သည်။

ပြီးနောက်ကုတင်အောက်ကပြန့်ကျဲနေတဲ့အဝတ်တွေကို တစ်ခုစီလိုက်ကောက်လိုက်ပြီးအဝတ်ခြင်းထဲထည့်လိုက်
သည်။

လွန်ခဲ့တဲ့၆လကသူဒီလိုကိစ္စတွေကိုတစ်ခါမှမလုပ်ခဲ့ပဲ သူချွတ်ခဲ့သမျှအဝတ်တွေမှန်သမျှကိုအိမ်အကူတွေက လိုက်သိမ်းရသည်။

That's Our DestinyWhere stories live. Discover now