Part I

25 0 0
                                    

အသက်မဲ့နှလုံးသား

သံယောဇဉ် ကြိုးမျုင်ကြား
နက်ရှိုင်းသောခင်မင်မှုအပေါ်
အရောင်စွန်းတဲ့အချစ်တွေနဲ့
ဖြူ စင်တဲ့ နှလုံးသား
ညစ်စွန်းပြီးအဆိပ်သင့်နေလေရ်...

ငါ့ရဲ့အေးစက်တဲ့မျက်လုံးများကြား
နင့်ရဲ့ ရင်ခုန်သံ က
ငါ့ရင်ကို တမျိုးတမည်
လှုပ်ရှားရိုက်ခတ်စေတယ်

ငါ့ရဲ့ဟန်ဆောင်အပြုံးများကြား
နင့်ရဲ့ရယ်မောသံက
ငါ့နှုတ်ခမ်းကို
အသက်ဝင်ပျော်ရွှင်စေတယ်

ငါ့ရဲ့အသက်မဲ့နေတဲ့ နှလုံးသား ကိုရော??
အသက်သွင်းပေးပါဦးလား
တစ်ချိန်ကချစ်ခဲ့သူ

ကြယ်စင်မိုး
10.3.2017

ရင်တွင်းခံစားချက်များ (My Feelings)Where stories live. Discover now