Part II

19 1 0
                                    

ငါနာကျင်ခဲ့တယ်
နင့်အတွက်တော့
ဘာမှမဟုတ်ပေမဲ့လည်း

ငါသက်ပြင်းချခဲ့ဖူးတယ်
နင့်အတွက် တော့
စိတ်ကူးထဲမှာတောင်မရှိပေမဲ့လည်း

ငါလွမ်းခဲ့ဖူးတယ်
နင့်အတွက်တော့
အချစ်ကဘာမှမဟုတ်ပေမဲ့လည်း

ငါချစ်ခဲ့ဖူးတယ်
နင့်အတွက်တော့
ငါကအရုပ်တစ်ရုပ်လိုပေါ့

ဟုတ်ပါတယ်
ငါက ပထဆုံးမို့
ရူးနေတာပါ

တန်ဖိုးအရှိဆုံးတွေလည်းလိုချင်ပါတယ်
တန်ဖိုးအထားဆုံးအရာတွေလည်းပိုင်ဆိုင်ချင်ပါတယ်
တန်ဖိုးထားမှုကိုလည်း
တောင့်တ မိပါတယ်
နင့်ဘက်ကဖြူစင်တဲ့အချစ်တွေလည်း
ငါရယူချင်ပါတယ်

နင့်အတွက်တော့
ဘာမှမဟုတ်ပေမဲ့လည်း
ဖြစ်ရိုးဖြစ်စဉ်ပေမဲ့
ငါ့ဘက်ကတော့
အလေးအနက်ရှိနေပါတယ်

ငါလိုမာနနဲ့နှင်းဆီမို့
ဘာမှမဖော်ပြပေမဲ့
နင်လိုစက်ရုပ်လူသားအတွက်တော့
ဟားစရာဖြစ်နေမှာပါ

ကြယ်စင်မိုး
31/1/2017

ရင်တွင်းခံစားချက်များ (My Feelings)Where stories live. Discover now