STORY [One Short]

1.9K 203 4
                                    

"ဟိုး​ရှေး​ရှေးတုန်းက
ဝတ်​ရုံနီ​လေးနဲ့ မင်းသား​လေးတစ်​ပါးက....
တောထဲမှာ...."

"Hunက ကျွန်​​တော့်​ကို ချစ်​တယ်​တဲ့ အဖိုး..."

အဖိုးအိုရဲ့ တုန်​တုန်​ရီရီနဲ့ ပုံပြင်​အစပျိုးသံ​လေးကို ဖြတ်​​ပြောလိုက်​တဲ့ မခံမရပ်​နိုင်​သလို
အသံဆတ်​ဆတ်​လေး....

"ဟင်​....Sehun​လေးကလား .. "

"Nae...​တောတ်​စ်​! ဒါ ကျွန်​​တော်​က
မိန်းက​လေး​တွေ​ထက်​​တောင်
ချောတယ်​ဆိုပြီး  ဒီ​ကောင်​ ပမာမခန့်​လုပ်​​တာ! "

လှပတဲ့မျက်​ဝန်း​လေး​တွေမှာ တလက်​လက်​​တောက်​ပ​နေတဲ့ ​ဒေါသအ​ရောင်​များ ....

အံကိုလည်းခပ်​တင်းတင်းကြိတ်​လိုက်​​သေးသည်

"Xiao Luက Hunnieကို မချစ်​ဘူးလား  "

အဖိုးအိုရဲ့ ​မေးခွန်းအဆုံး ငြိမ်​ကာ ကျသွားတဲ့Luhan​​လေးက....​ခေါင်း​လေးခါပြရင်း...

"ဟင့်​အင်း  မသိ​ဘူး ကျွန်​​တော်​က Hunကို ညီငယ်​​လေးတစ်​​ယောက်​လိုချစ်​တာ
အခုလိုမျိုး....ကြီးက...ကျွန်​​တော့်​သိက္ခာကို
လာ​စော်​ကား​နေသလိုပဲ "

ဒေါသထွက်​ကာ အသံ​တွေကျယ်​​နေသ​လောက်​ မျက်​ဝန်းတို့က
အ​ရောင်​တဖြည်းဖြည်း​ဖျော့လာရင်း
မျက်​ရည်​စတို့သီလာတဲ့Luhan​လေးက
အဖိုးအိုရဲ့ ​ပေါင်​​ပေါ်မျက်​နှာအပ်​ချတယ်

ကြည့်​ရတာ သူ့မျက်​ရည်​​တွေကို မမြင်​​စေချင်​ဘူးထင်​ပါ့

"ပုံပြင်​ အသစ်​တစ်​ပုဒ်​ နား​ထောင်​မလား Xiao Lu "

အဖိုးအိုက ပြုံးကာ ​မေး​တော့
Luhanက နှုတ်​ခမ်း​လေးဆူလာရင်း

"ဝတ်​ရုံနီနဲ့မင်းသား​လေး​အ​ကြောင်း ​တော့ မဟုတ်​ပါဘူး​နော်​....ငယ်​ငယ်​ကတည်းက
အဲ့ပုံပြင်​ကြီးက ရိုး​နေပြီ အဖိုးရဲ့"

"မဟုတ်​ပါဘူးက​လေးရယ်
ဒီတစ်​ခါ ​ဇွတ်​တရွတ်​နဲ့​ကောင်​ဆိုး​လေး
အ​ကြောင်း​ပြောပြမယ်​ "

အဲ့​တော့မှ Luhan​​လေးက စိတ်​ဝင်​စားစွာ
ခေါင်းညိမ့်​လာတယ်​..

STORYWhere stories live. Discover now