လွမ်းစေသော..... Part 13

1.3K 82 0
                                    

လွမ်းစေသော ......  Part  13

     Krist ကျောင်းလွှတ်တော့ ကျောင်းရှေ့မှာလာကြိုမှာကိုစောင့်နေသည် အရင်ကလို လိုင်းကားနဲ့သွားရတာကိုပိုကြိုက်သည်
ဘယ်သူ့အတွက်မှ ၀န်ထုပ်ဝန်ပိုးမဖြစ် စိတ်လည်းသက်သောင့်သက်သာရှိသည် ကားဂိတ်ကိုသွားတဲ့လမ်းမှာရောင်းတဲ့ ၀က်သားကင်လည်းဝယ်စားလို့ရသည် သူငယ်ချင်းတွေနဲ့ သွားရတာလည်းပျော်စရာကောင်းသည် အခုလိုတစ်ယောက်တည်း ရပ်စောင့်နေစရာမလိုပေ အခုတော့အဲ့လိုတွေလုပ်လို့မရတော့ပေ P' ကျွန်တော်ကိုကြိုပို့ လုပ်တာလေးငါးရက်လောက်ရှိပြီ အခုတလောတော့ P' မှာစိတ်ညစ်စရာရှိနေပုံပါပဲ မျက်နှာကသိပ်မကြည်လင်

Gun  >>> ဟေ့ကောင်

Krist >>> အမေ့ ....ဟာကွာ လန့်လိုက်တာအသံမပေးဘာမ
ပေးနဲ့

Gun  >>> အမယ်သူ့ဘာသာသူ ဘာတွေ အတွေးလွန်နေမှန်းမသိပဲနဲ့

Krist >>> ဘယ်မှာတွေးလို့လဲ

Gun >>> လာငြင်းနေသေးတယ် အေးပေါ့လေ boss ကိုယောကျာ်းတော်ထားပြီး ဟိုကအကြိုအပို့ လုပ်နေတော့အပျော်တေလွန်နေမှာပေါ့

Krist >>> အပိုတေလာပြောမနေနဲ့ ဟိုနှစ်ကောင်ရော

Gun >>> ပြန်သွားပြီ လေ

Krist >>> မင်းကရော ဘာလို့မပြန်သေးလဲ

Gun >>> ပြန်တော့မလို့ပဲ မင်းတစ်ယောက်တည်းစောင့်နေတာတွေ့လို့ လာကူစောင့်ပေးတာ

Krist >>> ဒီလိုကျတော့လည်း ငါ့သူငယ်ချင်းက ချစ်ဖို့ကောင်းလိုက်တာ

Gun >>> ရုပ်ကိုက အမျိုးမျိုး တတ်လည်းတတ်နိုင်ပါ့ 

Gun နဲ့စကားပြောနေတုန်း ဖုန်းဝင်လာလို့ကိုင်လိုက်တော့

Krist >>> hello

Kaofang >>> krist လားမသိဘူး

Krist >>> ဟုတ်ပါတယ်

Kaofang >>> အမနာမည်က Kaofang ပါ ကိုကို singto နဲ့ တို့နဲ့က အရမ်းရင်းနီးဖူးတဲ့သူတွေပေါ့

Krist >>> ဟုတ်ကဲ့ ပြောစရာရှိရင် သူ့ဖုန်းကို......

Kaofang >>> ကိုကို့ကို ပြောလိုက်ပါ ပြောထားတာကိုမမေ့ပါနဲ့လို့ 

လွမ်းစေသော...... (COMPLETE)Where stories live. Discover now