part-20

3.4K 377 34
                                    

"မီ​ယောင်း ထည့်​စား​နော်​ ဘာမှ
အားမနာနဲ့"

"ဟုတ်​ကဲ့ပါ အ​မေ"

"​မေ​မေကလည်း အာ့လို​ပြောရမဲ့ သူစိမ်း
တွေမှမဟုတ်​တာ ​နော့ ချစ်​"

မီ​ယောင်းပြုံးပြရင်း ဆယ်​ဟွန်းဘက်
မသိမသာတစ်​ချက်​လှမ်းကြည့်​မိ..

ထမင်းကိုသာ​အေး​ဆေးစွာစား​နေသည်​...

"အာ~~ကိုကို ​ပြောဖို့​မေ့​နေတာ မနက်​ဖြန်​ကစပြီး ကုမ္ပဏီကျ​​​တော်​လာခဲ့မယ်​"

မျက်​နှာချင်းဆိုင်​က ချန်း​ယောလ်​စကား​ကြောင့်

"အင်း~"

တစ်​လုံးသာ​ပြောပြီး စားချင်​စိတ်​မရှိတဲ့ထမင်း​တွေကိုဇွတ်​သွတ်​​နေမိတယ်​...

ဒါဘာအ​ခြေ​နေကြီးလဲ?? ချန်း​ယောလ်​လီပြန်​​ရောက်​တဲ့တွက်​ ​ည​နေစာလက်​စုံစားခြင်း

ကျ​တော်​ဆု​တောင်းမပြည့်​ခဲ့ပါဘူး
ဒါဟာ.အိပ်​မက်​မဟုတ်​ခဲ့ဘူး​လေ...

သူတစ်​​ယောက်​ထဲမဟုတ်​ ကင်​မီ​ယောင်းဆိုတဲ့
သူ့ချစ်​သူပါ ပါလာသည်​....မုန်းစရာ ထီ်ွ!!

"ဒီ​တောတွင်းသားကြီးအရမ်းပင်​ပန်း​နေလို့
မေ​မေ သားငယ်​ကိုပြန်​​ရောက်​​ရောက်​ခြင်း
ကူညီ​တောင်းလိုက်​တာ"

"ဟုတ်​ကဲ့​မေ​မေ"

ချန်း​ယောလ်​လီပြန်​​ရောက်​လာတဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး ကျ​​​တော်​ကို​မေ​မေဘာတစ်​ခုမှမ​ပြော

ဒါ​တော့ထားပါ အိမ်​မ​ရောက်​ဖြစ်​တာကြာတဲ့
ကျ​​တော်​အပြစ်​..

ခုလည်းကုမ္ပ​ဏီဝင်​မဲ့ကိစ္စကို တစ်​ခွန်းတစ်​​လေ
တောင်​ကျ​တော်​ကိုမတိုင်​ပင်​...

"ဒီချိန်​မင်းအ​ဖေသာအတူတူရှိရင်
ဘယ်​​လောက်​ဝမ်းသာလိုက်​မလဲ??"

မျက်​ရည်​အဝဲသားနဲ့ဆိုလာတဲ့​မေ​မေ​ကြောင့်
ကျ​တော်​တို့အားလုံးတိတ်​ဆိတ်​​နေမိ..

"စိတ်​ချပါ ​ဖေ​ဖေကိုသားသတိပြန်​ရ​အောင်
ကြိုးစားမှာပါ~"

~BAD BLOOD~[Completed]Where stories live. Discover now