I am....(1)

325 13 4
                                    

Zawgyi

"လမ်းခွဲကြရအောင်"

"ဟင်!"

မိမိကိုကျောပေးထားရင်း လမ်းခွဲစကားပြောနေသော မိမိချစ်သူကို နိုဘယ်မယုံနိုင်။

"ဘာကြောင့်လဲ ကို..ကျမတို့ ချစ်သူဖြစ်တာ ဘယ်လောက်တောင်ကြာခဲ့ပီလဲ ဘာလို့...ဘာလို့ လမ်းခွဲစကားပြောရတာလဲဟင်"

"နောက်လဆို ကိုယ်အမေရိကသွားတော့မယ်..ဟိုမှာပဲ..နေဖြစ်တော့မယ်ထင်တယ်...အဲ့တာကြောင့် ချစ်နဲ့ကို ဒီနေရာမှာပဲ လမ်းခွဲကြတာ ကောင်းမယ်ထင်ပါတယ်"

အကြောင်းပြချက်သက်သက်တွေပါ...
သိနေခဲ့တယ်လေ အခုလိုတွေပြောတော့မယ်ဆိုတာကို..

Hk..နောက်ဆုံးတော့လည်း မိမိကအစွန့်ပစ်ခံပစ္စည်းတစ်ခုသာသာပါပဲ..

"ကောင်းပီလေ...လမ်းခွဲချင်သပဆိုတော့လည်း လမ်းခွဲပေးရမှာပေါ့ ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ ချစ်! ကိုယ့်ဆီကနေမင်းဘာလိုချင်သေးလို့လဲ ဟမ် မင်းလိုချင်တာ လိုအပ်တာ အကုန်ပေးခဲ့တယ်လေ မပြည့်စုံသေးဘူးလား ဟမ် ပြောလေ ပြောစမ်းပါ"

မင်သက်သွားမိတယ် ဒါကမိမိကို ၅နှစ်ကျော်ကြာအောင်ချစ်ခဲ့ပေးတဲ့ ချစ်သူ၊မိမိဘက်ကလည်းအရမ်းမှကိုချစ်ခဲ့ရတဲ့ချစ်သူလား...ပြောင်းလဲသွားပုံက တစ်ခြားတစ်ယောက်လိုပါပဲလား...နိုဘယ်..ကို့ကိုကြည့်လိုက် ခေါင်းကိုငုံလိုက် လုပ်နေရင်း ဆုံးဖြတ်ချက်ချရန် ဗျာများနေမိသည်။

"လမ်းခွဲကြတာပေါ့ လမ်းခွဲကြမယ်..ဒီနေ့ကနေစပီး ရှင်နဲ့ကျမ မသိခဲ့ကြသလို မမြင်ဖူးခဲ့ကြသလို သူစိမ်းတွေလို နေကြတာပေါ့...ပျော်ရွှင်ပါစေ ကိုလင်းခန့်..Good luckပါ"

မိမိစိတ်ကို အတတ်နိုင်ဆုံး ထိန်းရင်း ကြိုးစားပီး လမ်းခွဲဖို့ရာသဘောတူကြောင်းပြောခဲ့တယ် ဆုမွန်ကောင်းပါ တောင်းပေးလိုက်ပီး ချစ်သူနဲ့ ဆန့်ကျင်ဘက် လားရာအရပ်ဆီကို တစ်လှမ်းချင်းလှမ်းနေမိတယ်။

ကောင်းတယ် နိုဘယ်မေ...နင်တော်တယ် နင့်အပေါ်အနိုင်ပိုင်းပီး သူလုပ်ချင်ရာသူဖြစ်ချင်ရာကိုပဲကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းစိတ်ရှိတဲ့သူ လက်ထဲကနေ နင်လွတ်မြောက်သွားပီ ပျော်လိုက်စမ်းပါ ဝမ်းသာလိုက်စမ်းပါ...

I Am.....Where stories live. Discover now