Questions

68 4 0
                                    

ကိုယ်ချစ်တဲ့သူကို ဖမ်းဆုတ်ထားတာက အချစ်လား
လွတ်လွတ် လပ်လပ် ပျံသန်းခွင့်ပေးလိုက်တာက အချစ်လား

အချစ်က ငှက်ကလေးတစ်ကောင်ပဲ ဆိုကြပါဆို့
ကိုယ့်လှောင်ချိုင့် လေးထဲမှာ သူမပျော်မှန်းသိတယ်
ဒါပေမယ့် သူ့ကို လွှတ်ပေးလိုက်ပြန်ရင်လည်း
ငယ်ငယ်ကတည်းလှောင်ချိုင့်ထဲမှာပဲ ကြီးပြင်းလာတဲ့ ငှက်ကလေးဟာ အစာမရှာတတ် မဖွေတတ်နဲ့ လောကဒဏ်ကြားမှာ သေကြပျက်စီးနိုင်တယ်ဆိုတာကိုလည်း သိတယ်
အဲ့ဒါဆို သူ့ပျော်ပါစေ ဆိုပြီး လွှတ်ပေးမလား
သူမပျော်မှန်း သိသိရက်နဲ့ အထိခိုက် အပွန်းရှမခံနိုင်လွန်းလို့ တစ်ဘဝစာလုံး ကိုယ့်ရဲ့လှောင်ချိုင့်လေးထဲမှာပဲ သိမ်းထားမလား

စွန့်လွှတ်ပေးလိုက်တာ အချစ်လား?
ဖက်တွယ်ထားတာက အချစ်လား?

ဂျစ်ဆောWhere stories live. Discover now