🔥 Aeternum Evanesco(ထာဝရ ပျောက်ကွယ်ခြင်း)🔥
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော့်ဘ၀မှာ တစ်စုံတစ်ယောက်သောသူ ကိုသာ တစ်ဘ၀စာအတွက်ချစ်ခဲ့ဖူးသည်။
ထိုတစ်စုံတစ်ယောက်သောသူအတွက်
ကျွန်တော့်မှာ နာကျင်ခဲ့သည်။ သူ့ကိုမြင်နေတဲ့အချိန်တိုင်းပေါ့....
သည်နေ.။ ကျွန်တော်နှင့်သူ ချစ်သူဘ၀နှင့်အတူလက်တွဲသွားမလား ဒါမှမဟုတ်
အဖြူရောင်သက်သက် သူငယ်ချင်းအဖြစ် ရှေ့ဆက်မလား ဆိုတာ သူဆုံးဖြတ်ပေးမည့်နေ့.....သူနှင့်ကျွန်တော် ချိန်းဆိုခဲ့သော၊ အတူထိုင်ခဲ့ဖူးသော ချယ်ရီပင်အောက်ရှိ ထိုင်ခုံတန်းလေးကို သူရောက်နေပြီ။ အချိန်အတိအကျရောက်နေခြင်းဖြစ်သည်။
ကျွန်တော့်နတ်သားလေးစတွေ့တုန်းကလိုပဲ... T shirt အင်္ကျီအဖြူလေးနှင့် ဂျင်းပြာလေးကိုတွဲဖက်ဝတ်ဆင်ထားသည်။
လေတချက်ဝှေ့လျှင် ငွေမျှင်ရာင်ဆံနွယ်လေးများ လှုပ်ခတ်သွားလေသည်။ ကျွန်တော် အတန်ကြာငေးနေမိရာ...ရှိုက်သံကြားမှသတိပြန်ကပ်လာသည်။~မငိုပါနဲ့ Baek ရယ်...မငိုပါနဲ့တော့~~~
ချစ်ရသူငိုကြွေးနေသည်ကိုမြင်နေရတာ နာကျင်လိုက်တာဗျာ...
အချိန်အတော်ကုန်လာခဲ့ပြီ။သူ. . .။ စကားတစ်လုံးမျှမဆိုပါ။ ငိုကြွေးနေရင်း ခုံတန်းလေးပေါ်မှာ စာတကြောင်းချရေးခဲ့သည်။
သူ့ဘေးနားမှာကျွန်တော်ထိုင်ရင်း သူ့ကိုကြည့်ကာ ငိုနေမိသည်ကို သူသတိမထားခဲ့မိပါ Arrnyi
သူကျွန်တော့်ကိုမမြင်ပါ။ ကျွန်တော်အရမ်းချစ်သော မိုးစက်များကလည်း တစ်ပေါက်ချင်းကျလာပေသည်။
မိုးလည်းအတူငိုနေခဲ့တာလား????
"Yeol. Baekကိုလိမ်တယ်"
သူချရေးသော စကားလုံးတွေ။
ထို့နောက် ထိုနေရာမှသူလှည့်ထွက်သွားခဲ့သည်
ကျောခိုင်းသွားသော သူ့ရဲ့ကျောပြင်ကိုငေးကြည့်ရင်း
ရင်ထဲမှာတဆစ်ဆစ် နာနေခဲ့ပါသည်~~~~______________________________________
ဒချိ ဒချိ မသိဘူး လက်တတ်စမ်းပီး ရေးပီ😁အားပေးမဲ့သူတွေရှိလားတို့ဘာတို့ ဆက်ရေးသင့် မရေးသင့်တို့ ဘာတို့XD
Thank you for reading 😍
Chanbaek is real😻
![](https://img.wattpad.com/cover/157506720-288-k539537.jpg)