S2 : Ep 1

83 4 0
                                    

"မမ​ရေ မမ"

"အင်း ဝင်​လာ​ခဲ့​လေ ရှင်း
လမ်းကြုံလို့လား ညီမ"

အိမ်​​ရှေ့မှတ​ကြော်​​ကြော်​​အော်​​ခေါ်​နေ​သော သူမကို
ဝင်​လာဖို့ အသံ​ပေးရင်း ​မေးလိုက်​သည်

"ဟင့်​အင်း တမင်​လာခဲ့တာ
မမ အဆင်​​ပြေရဲ့လား လို့ ကြည့်​မလို့ပါ"

"မလာလည်းရရဲ့သားနဲ့ ရှင်း ရယ်
အလုပ်​ပို​အောင်​ "

"ရပါတယ်​မမရယ်​ မပိုပါဘူး
အလကားလာတာလဲမဟုတ်​ဘူး
ဒီ​နေ့ ​အိမ်​မှာ ကြက်​သားပလာတာလုပ်​စားတယ်​​လေ
အဲ့တာ လာပို့ရင်း လာလိုက်​တာ"

"​ဟယ်​ စားရ​တော့မယ်
ပေး ချိုင့်​ကို မမလှယ်​ထည့်​လိုက်​မယ်​"

"အ​ပေါ်၂ချိုင့်​​နော်​ မမ"

"အင်း ညီမ"

"တီ ...တီ..."

အိမ်​​ရှေ့မှခြံတံခါးဖွင့်​ရန်​သတိ​ပေး​နေ​သောဟွန်းသံ

"​ဟော ကိုကို ​လာပြီ
ရှင်း ​ရေ တံခါး​လေးဖွင့်​​ပေးလိုက်​ပါဦး"

"ဟုတ်​မမ "

ပြေး​ပြေးလွှားလွှားနှင့်​ပင်
ခြံတံခါးသွားဖွင့်​​ပေးလိုက်​သည်
ကားပါကင်​ထိုးပြီး ကား​ပေါ်မှဆင်းလာ​သော
ထိုခန့်​​ချောကြီးက

"ရှင်း ပါလား ဘယ်​လိုဖြစ်​ပြီး​ရောက်​​နေတာလဲ"

" မမဆီမုန့်​လာပို့တာ​လေ "

" အကို့ အတွက်​က​ရော "

"အကိုဒီအချိန်​ရှိမယ်​မထင်​လို့
မမအတွက်​ပဲ ထည့်​လာခဲ့တာ
ဒီလိုမှန်းသိ ပိုထည့်​ခဲ့ပါတယ်​"

"ဟိုမှာ ၁ ချိုင့်​ကျန်​​နေသလားလို့"

"အဲ့ ၁ ချိုင့်​က​ ဝင်​ပို့ရမယ့်​လူရှိတယ်
မရလို့ပါ​ဗျာ "

"ဟားဟား ဟုတ်​ပါပြီ
သျှီ့  ဆီကပဲ ကပ်​စားရတာ​ပေါ့"

"မ​ကျွေးနိုင်​ပါဘူး​နော်
ကိုယ့်​​ဝေစုနဲ့ကိုယ်​ပဲ
မျှ​ဝေခံစားရတာဝါသနာမပါဘူး"

"သျှီ Facebook သုံးတာ​လျှော့ကွာ
စကား​တွေအရမ်းတတ်​လာတယ်
ခံစားရခက်​တယ်​ကွာ"

စ​တေးခဲ့​လေ​သော.........2Where stories live. Discover now