အပိုင်း (၁၃)

3.1K 251 52
                                    

စိတ်​ပူ​တာ​ရော....​ဒေါသထွက်​​တာ​ရောပြီး...တညလုံးအိပ်​မရ...​နောက်​ဆုံးမနက်​ကျရင်​ အ​ရေးကြီးfan meeting ရှိ​နေတာနဲ့....​တော်​ကြာပွဲမှာအဆင်​​မ​ပြေဖြစ်​​နေမှာစိုးလို့..အိပ်​​ဆေး​သောက်​ပြီးအိပ်​ပလိုက်​ရသည်​။

မိုးလင်း​တော့   ၈ နာရီထိုး​တော့မယ်​....။အခုထက်​ထိ ဟို​ကောင်​​လေးရဲ့အရိပ်​အ​ယောင်​ မမြင်​ရ​သေး....။ခါတိုင်းဆို....ငှက်​​လေးလိုမျိုးအသံတစာစာနဲ့လာနိုးတတ်​တဲ့​ကောင်​​လေးအသံမကြားရ​တော့....ရင်​ထဲမှာတခုခုလို​နေသလို.....
မ​နေ့ကသူ​ပြောတာ​တွေ​ကြောင့်​.....အလုပ်​တကယ်​ထွက်​သွားတာ​​တော့မဟုတ်​ပါဘူး​နော်​......။

ဒီလို​တော့မဖြစ်​ရဘူး.....မင်းငါ့အနားကထွက်​သွားဖို့...ဘယ်​လိုမှ  ငါခွင့်​မပြုနိုင်​ဘူး kyungsoo......

လှေကားက​နေ ၀ရုန်းသုန်းကားဆင်းလာတဲ့
သူ့ကို ဦး​လေးမင်​က တအံသြ​မော့ကြည့်​​ကာ...

" Yeol ​လေး ဘာဖြစ်​လို့လဲ...ဘာလိုလို့လဲ.."

"အာ...ဦး​လေးမင်​...kyungsoo ​တွေ့မိ​သေးလား "

" ​​ဟေ...ဦး​လေးမင်​လည်း kyungsoo ကိုမ​တွေ့မိလို့...​နေများမ​ကောင်းဘူးလားဆိုပြီးသွားကြည့်​ဖို့လုပ်​​နေတာ...ခါတိုင်းဆို...ဒီအချိန်​လာ​နေကြဆို​တော့..."

" အာ့ဆို...သွားကြည့်​လိုက်​အုံး..ဦး​လေးမင်​....
..အာ....​နေအုံး....​နေအုံး...ကျွန်​​တော်​ကိုယ်​တိုင်​ဘဲသွားကြည့်​လိုက်​မယ်​..."

ဦး​လေးမင်​တစ်​​ယောက်​...ပျာယာခတ်​​နေတဲ့ yeolကိုကြည့်​ပြီး...ဒီက​လေးဘာဖြစ်​​နေတာလိမ့်​....???

ခြေလှမ်းကျဲ​တွေနဲ့ ​kyungsoo ​နေ​နေတဲ့ flower house ကို​လျှောက်​လာခဲ့သည်​။
အိမ်​ထဲသို့ဝင်​၀င်​ချင်းဧည့်​ခန်းမှာလည်းလူမ​တွေ့.....အိပ်​ခန်းတံခါးလည်းပိတ်​လို့....
တံခါးဖွင့်​​တော့လည်း​လော့ချထားတယ်​...

သူ့စိတ်​​တွေထိန်းချုပ်​မရ​တော့....တကယ်​ကြီးထွက်​သွားပြီလား.....????
တံခါးကိုဖွင့်​မရတဲ့​နောက်​ဆုံး......အပြင်​မှာပန်းစိုက်​တဲ့အခါသုံးတဲ့​ဂေါ်ပြားကြီးကိုယူပြီး   စိတ်​ရှိလက်​ရှိ တံခါးကိုဖျက်​စီး​နေတုန်း......

ချစ်​လွန်း၍ ...မုန်းဟန်​​ဆောင်​ခဲ့သည် (completed) Where stories live. Discover now