★thirteen★

338 48 10
                                    

" Hyuckie.... ငါ မနက်ဖြန်
အိမ်ပြန်မလို့ လိုက်မလား ''

အိမ်ပြန်ဖို့ တက်ကြွနေသော Minhyungကို
Hyuckie က သဘောကျကာ ရယ်နေသည် ။
Minhyung အိမ်မပြန်ဖြစ်တာ ကြာပြီးလေ...
ဆေးကျောင်းမတက်ဖို့ ဆုံးဖြတ်ပြီးကတည်းက
Minhyung အိမ်မပြန့ရဲတော့သလို မာမီရော
ဒယ်ဒီပါ အိမ်ပြန်လာဖို့ မခေါ်ခဲ့....။

အခု မာမီ ကိုယ်တိုင် ခေါ်တာဆိုတော့
Minhyung ဝမ်းသာအားရ ပြန်ဖို့
ပြင်နေသည်...ဒယ်ဒီ့မွေးနေ့အတွက်
လက်ဆောင်ဝင်ဝယ်ပြီး ပြန်မှာမို့
Hyung ကို ဖုန်းဆက်တော့
ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေသည် ။

Minhyung တို့ လိုင်းကားနဲ့သာ
လွတ်လွတ်လပ်လပ်ပြန်ဖို့ စဉ်းစား
ထားတာကြောင့် Hyuckie က
လက်မှတ် မှာနေသည် ။

Minhyung တို့ နာမည်ကြီး အကျီဆိုင်
တစ်ဆိုင်ကို သွားကာ ယောကျာ်းလေး
ဝတ် အကျီဆင်တူ နှစ်ထည် ဝယ်ခဲ့သည် ။
တစ်ထည်က Minhyung အတွက် ၊
တစ်ထည်က ဒယ်ဒီ့အတွက် ။

Hyuckie ကတော့ သူလည်း
ဝတ်ချင်တယ်ပြောကာ ဝယ်ဖို့
ပြင်နေတာမို့ တခြားအဆင်ဝယ်ရန်
ပြောလိုက်ရသည် ။ ဒယ်ဒီနဲ့ Minhyung
နှစ်ယောက်တည်း တူတူဝတ်ချင်လို့
မာမီ့အတွက်တောင် မဝယ်လာတာကို....

" Markeu ကြည့်....အပြင်မှာ ရှုခင်းတွေ
လှနေရော....''

ကားစီးနေရင်းမှ အပြင်ဘက်ကို ငေးနေသော
Hyuckie က သူ့ကိုပါ အဖော်ညှိလာတာမို့
သူ လိုက်ပါကြည့်မိသည် ။

တခြားအချိန်တွေမှာသာ ကြည့်မိရင်
လှတယ်လို့ ထင်မိမှာ မှန်ပေမယ့်
အခုလို လွမ်းဆွေးနေတဲ့ အချိန်မှာတော့
မလှပနိုင် ။

ကျယ်ဝန်းတဲ့ လယ်ကွင်းကြီးလို့ဘဲ
မြင်နေမိတာ အမှန် ။

Hyung ကို စသိရတဲ့ နေရာမို့
Hyung နဲ့အတူ လာချင်သော်လည်း
လုံးဝ ကို ဆက်သွယ်လို့မရေနေသော
Hyung ကြောင့် Minhyung
လက်လျော့ခဲ့ရခြင်း ဖြစ်သည် ။

ဟိုနေ့က တွေ့ခဲ့တာ နောက်ဆုံးဖြစ်ပြီး
အခု Minhyung အိမ်ပြန်တဲ့ အချိန်အထိ
တစ်ရက်ကလေးမှ မတွေ့ခဲ့ရ ။
Hyung နဲ့ ပတ်သတ်ရင် ဘာမှ မသိတဲ့
ကိုယ့်ကိုကိုယ် စိတ်ပျက်မိတာ အမှန် ။

အိမ်ရောက်တော့ သာမန်ထက်ပိုပြီး
ကြိုဆိုနေတဲ့ မာမီနဲ့ ဒယ်ဒီကို
ကလေးဆန်တယ်လို့ Minhyung
တွေးမိသည် ။ ကိတ်တွေ ရော
လက်ဆောင်ဘူးတွေပါ ပြင်ထားရအောင်
Minhyung က ကလေးမှ မဟုတ်တော့တာ ။

NEVER 💫 complete 💫Where stories live. Discover now