အပိုင်း၁

276 11 0
                                    

😙 Anonymous 😙
Ep - 1

"မြန်​မြန်​လုပ်​....boss လာပြီ....."

"ပန်းစည်း​ရော....ဘယ်​မှာလဲ?"

"ဒီမှာပါ💐."

"​အေး အဲ့ဒါ boss အခန်းထဲ သွားထားလိုက်​...."

"Nae....."

"Hyg မင်းက boss အတွက်​ စ​တော်​ဘယ်​ရီ အ​အေး အခန်းထဲသွားပို့......."

"Nae hyung"

"ဟာ....​နောက်​ပြီး yuna "

"Nae?"

"မင်းခုံ​ပေါ်က စာရင်းစာအုပ်​​တွေအဆင်​သင့်​လုပ်​ထား.......boss ​တောင်းလိုက်​တာနဲ့ တစ်​ခါတည်းအဆင်​သင့်​ဖြစ်​​နေ​အောင်​...."

"Nae"

ကုမ္ပဏီ တစ်​ခုလုံး boss လာ​တော့မှာမလို့ ​ရောက်​ရက်​ခတ်​​နေတယ်​........

"Boss ​ရောက်​ပြီိ......"

ဝန်​ထမ်းအချို့ boss ကို ကြိုဆိုရင်​ အပြင်​ကိုထွက်​လာခဲ့တယ်​.....

နောက်​ဆုံး​ပေါ်ပြိုင်​ကား​ပေါ်က​နေ ဆင်းလာတဲ့ အသက်​၂၅နှစ်​အရွယ်​ အမျိုးသမီးတစ်​ဦး........
လှပလွန်းသည့်​ရုပ်​ရည်​ကိုပိုင်​ဆိုင်​ထားပြီး အရယ်​အပြုံးမရှိတာ​ကြောင့်​ အားလုံးက ​ကြောက်​ကြသည်​......
တော်​ရုံ​ယောင်္ကျား​လေးဆိုရင်​ သူ့နားကပ်​ဖို့မ​ပြောနဲ့ သူ့မျက်​နှာကို​တောင်​ ​စေ့​စေ့မကြည့်​ရဲဘူး.........
ငယ်ရွယ်​ပြီး ထက်​မြက်​လှတဲ့ အသက်​အငယ်​ဆုံး CEO တစ်​​ယောက်​ဖြစ်​တဲ့အပြင်​ စီးပွား​ရေးကိုသာ စိတ်​ဝင်​စားပြီး ကျန်​တာစိတ်​မဝင်​စား.....
မျက်​နှာက​ချောသ​လောက်​ ​ဒေါသကထိပ်​ဆုံးမှာ....အမြဲလိုလို​ဒေါသထွက်​​နေပြီး စိတ်​မကြည်​သဖြင့်​ တစ်​ခုခုမှားသည်​နှင့်​ warning ​ပေးခံရ​သော​ကြောင့်​ ဝန်​ထမ်းများအ​ကြောက်​ရဆုံးသူတစ်​ဉ်ီး​လည်းဖြစ်​တယ်​.......
အင်​တာ​ဗျူး​တွေမှာဆို သူနဲ့မတူ​လောက်​​အောင်​ပင်​ ​ပြုံးရွှင်​ပြီး​နေတတ်​သကဲ့သို့ သူစိတ်​ကြည်​လာလျှင်​လည်း ဝန်​ထမ်းများအား bonus ​ပေးပြန်​တယ်​......
အမျိုးမျိုး​ပြောင်းလဲ​နေတဲ့ သူ့စိတ်​ကိုဘယ်​သူမှခန့်​မှန်း၍မရ.........
မိန်းက​လေးတိုင်း အားကျပြီး ​ယောင်္ကျား​လေးတိုင်းလိုချင်​​သောမိန်းမတစ်​ဦးဆိုလည်းမမှား​ပေ....
ထိုသူမှာတစ်​ခြားမဟုတ်​....Byun group ရဲ့ တစ်​ဦးတည်း​သော သမီးအရင်း Byun Baek Hyun ပင်​ဖြစ်​သည်​.........
သူသည်​ သူ့appa ပိုင်​ ကုမ္ပဏီ ကို မအုပ်​ချုပ်​ဘဲ သူ့ဘာသာသူတည်​​ထောင်​ထားတဲ့ universe ဆိုတဲ့ ကုမ္ပဏီ ကိုသာ အုပ်​ချုပ်​တယ်​....
သူ့ appa က ကုမ္ပဏီ ​ပေး​သော်​လည်း အမုန်းမပွားချင်​ဘူးလို့ ​ပြောပြီး ကြီးကျယ်​လှတဲ့ ကုမ္ပဏီ ကို ငြင်းဆန်​ခဲ့တယ်​.....
သာမန်​လူဆို ဒီလိုအခွင့်​အ​ရေးမျိုးကို လက်​လွှတ်​ခံမှာမဟုတ်​ဘူး.....ဒါ​ပေမယ့်​ byun baekhyun ဆိုတဲ့ ​ကောင်​မ​လေးက​တော့ တစ်​မူထူးခြားစွာနဲ့ ခပ်​ပြတ်​ပြတ်​ပင်​ ငြင်းဆိုခဲ့တယ်​.....
အဲ့ဒါ​ကြောင့်​ baekhyun ဆိုတဲ့ CEO ရဲ့စိတ်​ကို ဘယ်​ဝန်​ထမ်းမှ မသိသလို baekhyun ရဲ့မိသားစုဝင်​များကိုယ်​တိုင်​ပင်​ မသိကြ.......

Anonymous Where stories live. Discover now