Love Affair -1

247 23 14
                                    


ကျောင်းဆင်းလာချိန်​မှ ကျလာတဲ့မိုးဖွဲဖွဲကို စိတ်​မရှည်​စွာ ကျိန်​ဆဲလိုက်​ရင်း နီးရာ​ကော်​ဖီဆိုင်​ထဲ​ပြေးဝင်​လိုက်​သည်​။

အနည်းငယ်​စိုသွားတဲ့ ဆံပင်​​ကို ခါလိုက်​​တော့ ပုံသွင်းထားတဲ့ ကိုယ့်​ဆံပင်​ကအနည်းငယ်​ပျက်​ယွင်း​နေလိမ့်​မည်​။ မိုးဖွဲဖွဲက ပိုသည်းလာ​တော့ စိတ်​ဒုန်းဒုန်းချပြီး ဆိုင်​ထဲကိုသာ ဝင်​ခဲ့​တော့သည်​။ ​ကောင်​တာက​ကောင်​​လေးက သူ့မျက်​လုံး​တွေ မှိတ်​သည့်​အထိ ပြုံးပြ​တော့ ခုနကစိတ်​ညစ်​​နေတာ​တွေ​တောင်​ ​ပျောက်​သွားသလို။

ချောင်​ကျတဲ့ တစ်​​နေရာမှာဝင်​ထိုင်​ရင်း မိုး​ရေကြား​ပြေး​နေတဲ့ ​ကျောင်းသားအချို့ကို လှမ်းကြည့်​ရင်းပြုံးလိုက်​မိသည်​ထင်​သည်​။ ထီးမပါပဲ ​ပြေးလွှား​နေတဲ့ က​လေး​တွေကို ​ငေး​နေမိတာ ​ကောင်​​လေးအနား​ရောက်​​နေတာ​တောင်​ သတိမထားမိ။

''Professor Ong! ဘာမှာမလဲခင်​မျ''

ကျောင်းအနီးအနားမှာ ရှိ​နေတဲ့ ဆိုင်​မို့ ကိုယ့်​ကိုသိ​နေတဲ့ က​လေးတစ်​​ယောက်​ဖြစ်​လိမ့်​မည်​။ ​​မော့ကြည့်​လိုက်​​တော့ ​သြော်​...ခုနက ​ကောင်​​လေး။

အမြဲလိုလို ပြုံး​နေတတ်​တာက သူ့ရဲ့ထူးခြားချက်​ပဲ ဖြစ်​လိမ့်​မည်​။ ​ကောင်​​လေး​တွေပြုံးရင်​ ချစ်​ဖို့​ကောင်းတာ ကိုယ့်​မသိခဲ့​သေးဘူးပဲ။

''Espresso ပဲ​ပေး​နော်​ ''

''ဟုတ်​ကဲ့ခင်​မျ ''

သူက ယဉ်​ယဉ်​​ကျေး​ကျေးနဲ့ပဲ ပြန်​​ပြောလာ​တော့ ကိုယ့်​ကိုယ်​ကို​တောင်​ အရမ်းအို​နေပြီလားဆိုပြီး မှန်​ထဲလှမ်းကြည့်​မိသည်​။ လှည့်​ထွက်​သွားတဲ့ သူ့​နောက်​​ကျောကို ဘာ​ကြောင့်​​ငေး​နေမိလဲ​တော့ ကိုယ်​လည်းမသိ​တော့။

လေ့ကျင့်​ခန်း​တွေအရမ်းလုပ်​ထားပုံရတဲ့ သူ့ပုခုံး​တွေက အရမ်းကျယ်​ပြီး ကြည့်​​ကောင်းတာလည်း သတိထားမိတယ်​။

ကြည့်​​ကောင်းတဲ့ ​ကောင်​​လေးဆီက အကြည့်​လွှဲပြီး အပြင်​ဘက်​ဆီပဲ မျက်​လုံး​တွေကို ပို့ထားမိသည်​။ လူရှင်း​နေတဲ့ လမ်းမကြီးဆီကိုပဲ ​ငေးကြည့်​​နေတုန်း ငြိမ့်​ငြိမ့်​​လေး စီးဝင်​လာတဲ့ ဂီတသံက မိုးသံကျယ်​ကျယ်​နဲ့ မလိုက်​ဖက်​စွာ။ ​မိုးက ပိုပြီး​တောင်​ သည်းလာပြီပဲ။

You've reached the end of published parts.

⏰ Last updated: Aug 29, 2018 ⏰

Add this story to your Library to get notified about new parts!

Love Affair Where stories live. Discover now