Part 6

479 50 0
                                    

ကောင်လေး Part 6

Aim pov

ကျွန်တော်တို့ဆီနေတိုင်းလာပြီး မှိုင်နေတဲ့ kong ကို မြင်ရတာ စိတ်မချမ်းသာဘူး P'Arthit နဲ့ မပတ်သတ်တော့တာ ပျော်ပေမဲ့ အရယ်အပြုံးမရှီ လူသေတစ်ယောက်လို့ အသက်မဲ့နေတဲ့ Kong ကို မမြင်ချင်တော့ဘူး

"ခံစားနေရရင် အဲ့ဒီအစ်ကိုဆီသွားတွေ့လေ kong "

" ဟုတ်တယ် kong မင်း ဒီလိုနေမနေနဲ့ အဲ့ဒီအစ်ကိုကို့ သွားတွေ့ပါ  "

" Aim နဲ့ Ook မင်းတို့ငါကို မကြည့်ရက်နိုင်လို့  သွားတွေ့ ခိုင်းတာ ငါသိပေမဲ့ ငါအချစ်ကို နည်းနည်းလေးမှတောင် တန်ဖိုးမထားတဲ့ P ကို ငါမေ့နိုင်အောင်ကြိုးစားမယ် "

" မင်းမေ့မှမမေ့နိုင်တာ ပြီးတော့ မင်းအစာလည်း ကောင်းကောင်းမစားဘူး ပိန်နေပြီ အဲ့ဒါကြောင့် သွားတွေ့ပါ  "

"ဟုတ်တယ် kong အဲ့ဒီအစ်ကို အခုနောက်ပိုင်းဘယ်သူနဲ့ မှ တွဲတာ ငါတို့မမြင်ရတော့ဘူး  "

" ငါကို ဒီအတိုင်းပဲ လွှတ်ထားပါ   "

" ဒီအတိုင်းလွှတ်ထားရင် မင်းလဲသွားမယ် "

" ဟုတ်တယ် kong မင်းကိုငါတို့ ကြည့်ရတာ စိတ်မချမ်းသာတော့ဘူး  သွားတွေ့ရအောင် ငါတို့လည်း လိုက်ခဲ့မယ် "

P ကို အမြင်မကြည့်တဲ့ ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်နဲ့  အတူလိုက်ခဲ့မယ်တဲ့ ဟုတ်တယ် P ကိုအရမ်းလွမ်းတယ် မေ့မရဘူး အရမ်းချစ်တယ်

" သွားတွေ့ ရအောင်  "

ကျွန်တော်ကားမောင်းဖို့ စိတ်မရှီတာကြောင့် Aimနဲ့ Ook က P အိမ်ကို လိုက်ပို့ပေးသည် P အိမ်ရောက်တော့  P နဲ့ တွေ့ချင်လို့ အိမ်ဖော်တွေကို ပြောလိုက်တော့ အပေါ်ထပ်တက်သွားကာ မကြာခင် ပြန်ဆင်းလာပြီး ကျွန်တော်တို့ ကို အပေါ်ထပ် ကို လာခဲ့ဖို့ပြောသည်  ပြီးတော့ ကျွန်တော်ရောက်ဖူးတဲ့ P အခန်းမှာ P ကိုမတွေ့ရပဲ P အစ်ကို့ကို တွေ့ရသည်

" ရောက်လာပြီလား ကောင်လေး "

" ဟုတ်ကဲ့ P kad ကျွန်တော် P ကိုတွေ့ချင်လို့ပါ  "

" အငယ်လေးက ပြောတယ် ကောင်လေး သူကို မမေ့နိုင်ပဲ ထပ်ရောက်လာမယ့်လို့   "

" ဟုတ် ကျွန်တော် P ကိုမေ့ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား လုံးဝမေ့မရဘူး အရမ်းလွမ်းတယ် P ကို P ဘယ်မှာလဲ "

" ရော့  "

ကျွန်တော်ကို လှမ်းပေးတဲ့ ဒိုင်ယာရီ စာအုပ်လေး "

" အငယ်လေးက မင်းလာရင် ပေးလိုက်ပါတဲ့ "

" ကျွန်တော် P ကို တွေ့ချင် "

" ဒိုင်ယာရီ စာအုပ်ဖတ်ရင် အားတစ်ဘယ်မှာလဲ သိနိုင်ပါပြီ "

ကျွန်တော် ကုတင်ပေါ်မှာ ထိုင်ပြီး ဒိုင်ယာရီ စာအုပ် ပထမမျက်နှာကို ဖွင့်လိုက်သည်

 ကောင်လေးWhere stories live. Discover now