Oo'

7.4K 462 1
                                    

(Zawgyi)

ဘန်​​ကောက်ကေ​န မနက်​​ခြောက်​နာရီကားစီးလာလိုက်​တာ ချင်းမိုင်​ကို​နေ့တစ်​ဝက်​​ကျော်​မှ​ရောက်​တယ်​။ အဲ့ဒီက​နေ ဟိုဘက်​ကိုဆိုင်​ကယ်​တက္ကစီတစ်​ဆင့်​ပြန်​စီးနဲ့ဆို​တော့ လူလည်းနုန်းချိလို့ပါပဲ။ အိမ်​​ရောက်​​တော့ ပါလာတဲ့အထုပ်​ပစ်​ချပြီး ပစ်​စလတ်​ခတ်​လှဲချလိုက်​ရာက​နေအိပ်​​ပျော်​သွားတာ ည​နေ​ခြောက်​နာရီထိုးခါနီးမှနိုး​တော့တယ်​​။

ကျွန်​​တော်​နိုး​တော့ ​ကျောင်းဆင်း​လို့အိမ်​ပြန်​လာကတည်းက သူ့အတွက်​ဘာပါလာလဲ​မေးချင်​​နေတဲ့Nong.Yinတစ်​​ယောက်​ ​ရေတစ်​ခွက်​နဲ့အ​ပြေးလာဖား​တော့တာပဲ။

"ကိုကို ​သောက်​"

သူ့အရပ်​မမှီ့တမှီနဲ့ခပ်​ခဲ့လို့တစ်​ဝက်​​တောင်​ပါမလာတဲ့​ရေခွက်​ကိုလှမ်းယူပြီး သိ​နေတယ်​​နော်​​ဆိုတဲ့အထာနဲ့ကြည့်​​တော့ အဟီးဆိုပြီးရယ်​ပြတယ်​။ ​ရှေ့သွားနှစ်​​ချောင်းကကျိုး​နေ​တော့ အဟီးကအဟီးမဖြစ်​ပဲ အရှီးဆိုပြီး အသံထွက်​လာတယ်​။ ကျွန်​​တော်​နဲ့​မောင်​နှမလို့ကိုမ​ပြောရဘူး မျက်​နှာချို​သွေးတတ်​ချက်​က​တော့။

"ကိုကိုမ​နေ့က မီးပြောတာကြားလိုက်​လား"

ကျွန်​​တော်​ကြားလိုက်​မှန်းသိသိကြီးနဲ့ စကားကိုသူလိုတဲ့​နေရာ​ရောက်​​အောင်​​ကြောင်း​နေပြီ။

"Nong.Yinက ဘာ​ပြောလိုက်​တာလဲ ကိုကို​မေ့သွားပြီ"

ကျွန်​​တော်​​မေ့သွားပြီဆို​တော့ မျက်​နှာ​လေးကိုငယ်​ချ အ​ပေါ်နှုတ်​ခမ်း​လေး​ရှေ့ထုတ်​ပြီး ကျွန်​​တော့်​​ပေါင်​​ပေါ်လာထိုင်​တယ်​။

"မီးက ကိုကို့ကိုလွမ်း​​နေတာ"

"အင်း"

"မ​နေ့က ​မေ ဖုန်းဆက်​​တော့ကိုကိုမှန်းသိလို့ စကား​ပြောတာကို ​မေကဆူတယ်​။ မီးကအကျီလှလှ​လေးပဲမှာတာ​လေ။ အဲဒါ မီးဆိုးတာမှမဟုတ်​တာကို ​နော့်​"

နှုတ်​ခမ်းကြီးကို​ရှေ့ထုတ်​ပြီး ​ဝေ့လည်​​ကြောင်​ပတ်​​ပြော​နေတာ ကြည့်​​နေရတဲ့ကျွန်​​တော်​ကအသည်းယားလာပြီ။ ကျွန်​​တော့်​ထက်​​တောင်​ ဒီက​လေးမကမွတ်​မွတ်​လည်​​နေ​သေးတယ်​။

Oo' (Zawgyi + Unicode)Where stories live. Discover now