က​လေးငယ်​ထံသို့...💌

715 22 0
                                    

ကိုယ်​စာမကျက်​ဖြစ်​ဘူး ငယ်​။
ငယ့်​ရဲ့စာကျက်​ပါ ကိုကိုးရာ လို့​ပြောသံမကြားမချင်း
ကိုယ်​ ​ဝေ့လည်​​ကြောင်​ပတ်​ လုပ်​​နေမိတယ်​။
ခက်​တယ်​ ငယ်​ရာ။
တစ်​ခါ တစ်​ခါ ကိုယ်​ပြန်​​တွေးမိတယ်
ကိုယ်​တရားရဲ့လား လို့။
ငယ့်​ရဲ့​နေ့​စဉ်​ဘဝမှာ ကိုယ့်​ကိုဆွဲသွင်း​စေမိတာ
ကိုယ်​တရားရဲ့လား?
သက်​ရှိကမ္ဘာမှာ တကယ်​မရှိနိုင်​တဲ့ကိုယ့်​ကို
သံ​ယောဇဉ်​ တွယ်​​စေမိတာ
ကိုယ်​တရားရဲ့လား?
ကိုယ့်​ဘက်​က ကိုကိုးလည်း ချစ်​ပါတယ်​ လို့မ​ပြောမချင်း
ချစ်​တယ်​ ဆိုတာချည်း ဆက်​တိုက်​ပို့​နေတဲ့ ငယ့်​ကို
ငယ်​..​ဆောရီး ကိုယ်​ cb မဝင်​လို့ ဆိုတဲ့
စကား​လေးနဲ့ပဲ နှစ်​သိမ့်​​ပေးနိုင်​တာ
ကိုယ်​တရားရဲ့လား?
အ​ဖြေမရှိတဲ့ ​မေးခွန်း​တွေပါပဲ ငယ်​။

#Ýűýâ 💌

က​လေးငယ်​ထံသို့....♡ ♡ Where stories live. Discover now