Peeled Apples Pt.1

840 68 7
                                    

Yoongi တစ်ယောက် သူ့laptop တစ်လုံး နဲ့ မနားမနေစာရိုက်နေတာ 3 နာရီ နီးပါးရှိသွားပြီ ဖြစ်သည် ။ တစ်ဖက်တွင် Jimin မှာလည်း Yoongi ရေးထားတဲ့ စာအုပ်တစ်အုပ် တိတ်ဆိတ်စွာ တစ်ယောက်တည်း ဖတ်နေလေသည် ။ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေပြီး အပ်ကျသံတောင်မကြားရချေ။ Yoongi ၏ laptop ကို နှိပ်ရာမှ ထွက်ပေါ်လာသော click သံ နှင့် Sofa ပေါ်တွေ အိပ်မောကျနေသော TaeHyung ဆီမှ ဟောက်သံ သေးသေးတို့ကလည်း တိုးညင်းစွာ အခန်းတွင်းထွက်ပေါ်လာသည် ။

" Hyung ! " Jimin တစ်ယောက် စာအုပ်ဖတ်နေရာမှ Yoongi ကို ခေါ်လိုက်သည် ။

" ဘာလဲ Jimin " ဟု Yoongi တစ်ယောက် Jimin အခေါ်ကိုထူးလိုက်သော်လည်း မျက်လုံးကတော့ laptop ဆီမှ အကြည့်မခွာသွား ။

" Peach က ဘာလို့ညှိုးသွားတာလည်းဟင် " Jimin တစ်ယောက် သူ၏လက်ကလေးနဲ့ စာအုပ်ကိုစမ်းရင်း မေးလိုက်သည် ။

" ဘာလို့လဲ ဆိုတော့ အဲ့တာ Blue ကို စကားပြန်ပြီး ပြောနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ဘဲ " Yoongi တစ်ယောက် စိတ်ထဲက သိပ်မပါသလိုဖြင့် ပြန်ဖြေလိုက်သည် ။

" ဒါပေမယ့် Hyung ! Blue က ကောင်းကင် ဟုတ်တယ်မလား ? " Jimin တစ်ယောက် သိချင်စိတ်နဲ့ ထပ်ပြီး မေးပြန်သည် ။

" ဟုတ်တယ် ! Skies က စကားမပြောနိုင်ဘူးလေ ! Blue ရဲ့ အသံဟာ Peach ရဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲကတစ်ခုဘဲ "  Yoongi ရှင်းပြလိုက်သည် ။

ထိုစကားကို ကြားပြီး Jimin ရင်ထဲ စို့နင့်သွားသည် ။ ဒီ Story လေးက ဘာကြောင့် ဒီလို အဆုံးသတ်သွားခဲ့ရတာလည်း ? ဒါဟာ ကလေးတွေ အတွက် စာအုပ်မဟုတ်လား ? ဘာလို့ Peach အတွက် ဘာလို့ ပျော်စရာတွေ နဲ့ ဇာတ်မသိမ်းပေးခဲ့တာလည်း ?

" Hyung ! ဒီဇာတ်လမ်းလေးက အရမ်းဝမ်းနည်းဖို့ကောင်းတာဘဲ ! " စာအုပ်ကို ပိတ်လိုက်ရင်း Jimin ပြောလိုက်သည် ။ ထိုအခါ Yoongi က ရီသည် ။

" တကယ်တော့ Happy Ending လေးပါကွာ ။ Peach က Blue ကို စကားပြန်ပြောလို့ရသွားတယ်လေ " Yoongi တစ်ယောက် သူ၏မျက်မှန်ကို ချွတ်လိုက်ပြီး ဘေးနားက စားပွဲပေါ်ကိုတင်လိုက်သည် ။ထို့နောက် သူ၏ နှာခေါင်းထိပ်နားကို နှိပ်လိုက်သည် ။

" ဒါပေမယ့် Hyung !  Blue က တကယ်မှ မရှိတာ " Jimin ပြန်ပြောလိုက်သည် ။

" Peach ကိုပျော်အောင်လုပ်ဖို့အတွက် Blue က တကယ်ရှိစရာမှ မလိုတာ Jimin ရဲ့ " Yoongi ပြန်ဖြေလိုက်သည် ။

" Nooooo " Jimin တစ်ယောက် ကလေးလေးလို အော်ရင်းပြောလိုက်သောအခါ Yoongi တစ်ယောက် ကြည့်ပြီး ရီတော့လေသည် ။

" မရပါဘူး !! Blue က တကယ်ရှိရမယ် ! ရှိမှကိုရမယ်ဆိုနေ !!!! " Jimin ထပ်၍ ပြောပြန်သည် ။

" ဒါဖြင့် Hyung ကလည်း တကယ်မရှိခဲ့ဘူး ဆိုရင်ရော ! စကားမပြောဘဲနေတော့မှာလား ?? " Yoongi က ပြန်မေးလိုက်သည် ။

" ပြောမှာပေါ့ !! ဒါပေမယ့် Hyung က တကယ်ရှိနေတာကြီးကို ! ဒါကြောင့် စိတ်ပူစရာမရှိပါဘူး " သူ၏လည်ပင်းကိုပွတ်လိုက်ရင်း Jimin ပြောလိုက်သည် ။

" Peach တွေးတာလည်း အဲ့လိုဘဲ Jimin ရဲ့ ! " Yoongi သူ့ရဲ့ laptop ကို ဘေးနားမှာတင်လိုက်ရင်းဖြေလိုက်သည် ။ ထို့နောက် သက်ပြင်းချကာ တစ်ချက်ညီးလိုက်သည် ။

"ငါဘာလို့ ဒီလောက်ပင်ပန်းနေလည်း မသိပါဘူး " Yoongi တစ်ယောက် အိပ်ရာပေါ်လှဲလိုက်ရင်းပြောလိုက်သည် ။

" ဟင် ! ခုနကဘဲ Hyung အိပ်ထားတာမဟုတ်ဘူးလား ?"

" စာရေးရတာ ဘယ်လောက်ပင်ပန်းလည်း မင်းသိလို့လား ! နားလည်မှုမလွဲစမ်းပါနဲ့ကွာ " Yoongi တစ်ယောက် နောက်ရင်းပြောလိုက်သည် ။ ထိုအခါ  Jimin တစ်ယောက် ရီတော့လေသည် ။

" Hyung ကလေ တကယ့်ကို အဘိုးကြီးပေါက်စလေးကျရောဘဲ ! တစ်ခါတစ်လေ Hyung က တကယ့်ဘဲ 23 ဟုတ်ရဲ့လား ပြန်တောင် တွေးယူရတယ် " Jimin စလိုက်သည် ။ ထိုအခါ Yoongi တစ်ယောက် ဘေးနားကနေ ပစ္စည်းတစ်ခု ဆွဲယူရင်း ပစ်ပေါက်ဖို့လုပ်နေစဉ် တံခါး ဆွဲဖွင့်သံကြားလိုက်ရသည် ။

" Min Yoongi ssi! ဧည့်သည်လာပါတယ် " ဟု nurse မတစ်ယောက်ရဲ့ ပြောသံကိုကြားလိုက်ရသည် ။

:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:•:

Heyyyyyy guysss !

I am back again after being away for months 🤧

I am so sorry for everything 😅

I will try my best to update this Fic as soon as possible 💜

Feedback & comments are warmly welcome 💪💛

Love your guys from bottom of my heart 💜

Of Peaches & Blues [  YOONMIN Myanmar Translation ] Where stories live. Discover now