"Infinity Love"
Ep - 3အပေါ်ဆုံးထပ်လေးလည်း ရောက်ရော Baekkie တစ်ယောက် အရမ်းပျော်သွားတယ်....
ရေကန်လေးထဲမှာ သူနဲ့ပုံစံတူ ရေသူမကျောက်ရုပ်လေးတစ်ခု......
အဲ့အချိန်ကျမှ သူသိလိုက်တယ်.....သူချစ်နေသလို Channie ကလည်း သူ့ကိုချစ်နေတာဘဲလို့.......
Baekkie လည်း ရေကန်လေးနားသွားပြီး ကြည့်လိုက်တော့ ရေကန်ထဲက ရေတွေက ပင်လယ်ရေတွေ.......
ရေသူမတွေက ပင်လယ်ရေကို ခွဲခြားပြီး သိတယ်.....နောက်တစ်ခုက ရေသူမတွေက ပင်လယ်ရေကို မြင်ရင် ရေကူးချင်တဲ့စိတ်က ထိန်းထားလို့မရဘူး.....အဲ့ဒါကြောင့်လည်း Baekkie က အပြင်မထွက်တာပေါ့...အပြင်ထွက်လို့ ပင်လယ်ပြင်ကိုမြင်ရင် သူမနေနိုင်မှာစိုးလို့လေ....
Baekkie အပြင်မထွက်တာကို ရွာသားတွေက နည်းနည်းသံသယဖြစ်တယ်....ဒါပေမယ့်လည်း park အိမ်က နေခွင့်ပေးနေတာကြောင့်သာ ဘာမှမပြောဘဲနေလိုက်တာ.......
Baekkie လည်း အိမ်မှာဘယ်သူမှမရှိတာကြောင့် ရေကူးဖို့ ဆုံးဖြတ်ပြီး ရေကန်လေးထဲခုန်ချသွားတယ်....
တစ်ဖြေးဖြေးချင်း ပြောင်းလဲလာတဲ့ သူမရဲ့အမြီးလေး......
အမြီးလေးနဲ့အတူပြောင်းလဲသွားတာက ဆံပင်....
အနက်ရောင်ဆံနွယ်လေးကနေ ပန်းရောင်ဆံနွယ်လေးပြောင်းသွားတယ်......
ရေသူမဆိုတဲ့ အမျိုးက ရေကူးနေရရင်ကျေနပ်နေတယ်လေ......
Baekkie ကလည်း ရေသူမတွေထဲက တစ်ယောက်ဆိုတော့ ရေကူးရတာ ပျော်တာပေါ့.....ရေကန်လယ်မှာ ပျော်ရွှင်စွာနဲ့ ရေကူးနေတဲ့ ရေသူမလေးကလေးကတော့ Channie ပြန်လာရင် သူ့ဘဝအစစ်အမှန်ကိုပြောပြတော့မယ်လို့တွေးရင်း ပျော်နေလေရဲ့.........
°•°•°•°•°•°•°•°•°•°•°•°•°
"သားရေ....သား.....ထတော့လေ။....ဒီနေ့ Chanyeol လေးတို့နဲ့ချိန်းထားတယ်ဆို...."
"ဟာ....ဟုတ်သားဘဲ မေမေ....သားမေ့နေတာ....ထပြီ...ထပြီ"
မြန်မြန်....မြန်မြန်ထပြီး...အသည်းအသန်လုပ်နေတဲ့ Sehun ကို သူ့အမေကြည့်ပြီး မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါပြီး ထွက်သွားတယ်.....
Sehun တစ်ယောက် အသည်းအသန်လုပ်ပြီး Chanyeol အိမ်ကို အပြေးလေးလာခဲ့တယ်.....

YOU ARE READING
💞Infinity Love💞 (Completed)
Romanceရေသူမလေးတစ်ယောက်နဲ့ လူသားတစ်ယောက်နဲ့ ချစ်ကြိုက်မိတော့ ဘယ်လိုတွေဖြစ်မလဲဆိုတော့...............