Beyond the Hate 2

3.1K 284 20
                                    

Zawgyi

At Cafe in Town

ဈေးလည်းကြီးအရသာကလည်း​ကောင်း မင်းသား
မင်းသမီး အဆို​တော်​​တွေပဲ လာ​ရောက်​စား​သောက်
သောဆိုင်​​ကြီး
နေရာ​လေးကလည်း​တိတ်​ဆိတ်​ပြီး ​အေးချမ်းလွန်းလို့
အ​တော်​သ​ဘောကျစရာ​ကောင်းတယ်​ ဆိုင်​ပုံစံ​လေးက
အခန်း​လေး​တွေနဲ့ ဖွဲ့စည်းထားတယ်​ ဒါ​ကြောင့်​ တစ်​ခုခု​ဆွေး​နွေးမယ်​ဆို ကိုယ့်​အခန်းနဲ့ကိုယ်​ဆို​တော့ တစ်​ခုခု
ပေါက်​ကြားသွားမှာ​တွေဘာ​တွေစိတ်​ပူစရာမရှိ

"ကဲ လူစုံကြပြီလား "

ချိန်းထား​သောဆိုင်​အတွင်းရဲ့အခန်းထဲကိုဝင်​လာ​သော
Producer ကြီး

"ဟို​လေ producer ကြီး မင်းသား kyungsoo
မ​ရောက်​​သေးပါဘူး "

Producer အ​မေးကိုခပ်​သွက်​သွက်​​ဖြေလိုက်​တဲ့
Manager hyung မ​ဖြေလို့လည်းမရဘူး
Producer က စိတ်​မြန်​လက်​မြန်​သမား​လေ

"ဒါဆို မင်းဖုန်းဆက်​ပြီးပြီလား"

"ဟုတ်​ကဲ့ ဆက်​ပြီးပါပြီ ကားလမ်းပိတ်​​နေလို့ပါတဲ့"

"​အော်​ ​အေး​အေး..."

မိနစ်​အနည်းငယ်​ကြာ​သောအခါတွင်​ အခန်းထဲသို့
ကပျာကယာ ဝင်​လာ​သောသူ နှစ်​​ယောက်
ထိုသူတို့ကမည်​သူမှမဟုတ်​ပါ
မင်းသား Doh Kyungsoo နဲ့ သူ့ manager
Suho hyung တို့ပဲဖြစ်​တယ်

"​နောက်​ကျသွားလို့ ​တောင်းပန်​ပါတယ်​ခင်​​ဗျာ..."
ထိုစကားကို​ပြောလိုက်​​သောသူမှာ kyungsoo

"လမ်းမှာ ကားလမ်း​တွေကပိတ်​​နေလို့ ...ဟီး"

အားလုံးကိုသူ့ရဲ့အသည်းပုံနှုတ်​ခမ်း​လေးနဲ့ ရယ်​ပြပြီး
မျက်​နှာချို​သွေးပြ​နေ​သော kyungsoo သည်
သူများအမြင်​မှာ ချစ်​ဖို့​ကောင်း​နေပါ​သော်​လည်း
အင်း ​ယောကျာ်း​လေးတစ်​​ယောက်​ကို ချစ်​ဖို့​ကောင်းတယ်
လို့​ပြောရတာ မဖြစ်​နိုင်​​သော်​လည်း တကယ်​ပဲ kyungsoo က ချစ်​ဖို့​ကောင်းလွန်းသည်​ သို့​ပေမယ့်
တစ်​​ယောက်​သောသူအတွက်​​တော့ ထိုစကားဟာ မမှန်​ပါ

Beyond the HateWhere stories live. Discover now