Fall In Love ..

544 39 22
                                    


တက္ကသိုလ်​တတိယနှစ်​ ​ကျောင်းသား​လေးဂျုံအင်းဖြစ်​သည်​။

အနည်းငယ်​ ညိုသည့်​အသား​အ​ရေနှင့်
ရင်အုပ်​ကျယ်​ကျယ်​ ၊ ရှည်​လျားသည့်
အရပ်​အ​မောင်း ၊အနက်​​ရောင်
ဆံပင်​အုပ်​အုပ်​က​လေး​တွေနှင့်​ ဂင်​ဂျုံအင်းဟာ
ဆက်​စီကျတာတဝက်​ ၊ ချစ်​ဖို့​ကောင်းတာတဝက်​နှင့်
ဆိုးလ်​တက္ကသိုလ်​၏ မိန်းက​လေးများကြား
အလွန်​နာမည်​ ကြီးသည်​ ...။

ဂျုံအင်းဟာ ချမ်းသာသည့်​အသိုင်းအဝိုင်းက
ဖြစ်​​သော်​လည်း ခပ်​ဆိုးဆိုးသူ​​ဌေးသား​လေးမဟုတ်​ ..
မိန်းက​လေး​တွေနှင့်​မရှုပ်​ပဲ စာကြိုးစားသည့်
ချစ်​ဖို့​ကောင်း​သော ဂင်​ဂျုံအင်းဖြစ်​သည်​။

ဂျုံအင်း​တွင်​ သူငယ်​ချင်းနှစ်​​ယောက်ရှိသည်​။
ခပ်​ဆိုးဆိုး​သူ​ဌေးသားဂျုံအင်းမဟုတ်​​ပေမဲ့
ခပ်​​ချေ​ချေ​ကောင်​​လေးဂျုံအင်းဖြစ်​၏ ။
ထို့​ကြောင့်​ ဂျုံအင်းအ​ပေါင်းအသင်းလုပ်​သူမှာ
ဆယ်​ဟွန်းနှင့်​ ချန်း​ယောလ်​ နှစ်​​ယောက်​သာရှိသည်​။

ဆယ်​ဟွန်း​နှင့်​ချန်း​ယောလ်​သည်​လည်းပဲ
ကျောင်း၏ ​ပေါ်ပြူလာ​ကျောင်းသား​လေးတွင်
ပါဝင်​သည်​။ ချန်း​ယောလ်​က အ​ပေါင်းအသင်းများပြီး အပြုံးအရယ်​များကို​ရက်​​ရော​ပေမဲ့ ဆယ်​ဟွန်းက​တော့
ဂျူံအင်းနှစ်​ဆ ​ချေသည်​ ။

ဤသည်​မှာ
ဂျူံအင်းအ​ကြောင်း
တစ်​​စေ့တစ်​​စောင်းပင်​ဖြစ်​သည်​။

___

နေသာ​သော​နေ့ရက်​ဖြစ်​သည်​။
တစ်​နည်းဆို​သော်​ ဂင်​ဂျုံအင်း
Forever Alone ဘဝက​နေ
အချစ်​ရှာ​တွေ့သွားမည့်​ ​နေ့ရက်​ဆိုလဲမမှား​ပေ ။

ထို​နေ့က ဂျုံအင်းအလွန်​အိပ်​ချင်​​နေသည်​။
ညက ဂိမ်းကစားလိုက်​တာ မနက်​သုံးနာရီမှ
အိပ်​ဖို့ သတိရ​သော​ကြောင့်​ အိပ်​ချိန်​မပြည့်​ဝကာ
စိတ်​ကလဲ​နောက်​ကျိကျိဖြစ်​​နေသည်​ ။

ကျောင်းဝင်းထဲလမ်း​လျှောက်​ဝင်​လာ​တော့လဲ
မျက်​ခွံ​တွေကခဏခဏ မှိတ်​ကျချင်​​နေသည်​။

You've reached the end of published parts.

⏰ Last updated: Sep 30, 2018 ⏰

Add this story to your Library to get notified about new parts!

Fall In Love Where stories live. Discover now