တက္ကသိုလ်တတိယနှစ် ကျောင်းသားလေးဂျုံအင်းဖြစ်သည်။အနည်းငယ် ညိုသည့်အသားအရေနှင့်
ရင်အုပ်ကျယ်ကျယ် ၊ ရှည်လျားသည့်
အရပ်အမောင်း ၊အနက်ရောင်
ဆံပင်အုပ်အုပ်ကလေးတွေနှင့် ဂင်ဂျုံအင်းဟာ
ဆက်စီကျတာတဝက် ၊ ချစ်ဖို့ကောင်းတာတဝက်နှင့်
ဆိုးလ်တက္ကသိုလ်၏ မိန်းကလေးများကြား
အလွန်နာမည် ကြီးသည် ...။ဂျုံအင်းဟာ ချမ်းသာသည့်အသိုင်းအဝိုင်းက
ဖြစ်သော်လည်း ခပ်ဆိုးဆိုးသူဌေးသားလေးမဟုတ် ..
မိန်းကလေးတွေနှင့်မရှုပ်ပဲ စာကြိုးစားသည့်
ချစ်ဖို့ကောင်းသော ဂင်ဂျုံအင်းဖြစ်သည်။ဂျုံအင်းတွင် သူငယ်ချင်းနှစ်ယောက်ရှိသည်။
ခပ်ဆိုးဆိုးသူဌေးသားဂျုံအင်းမဟုတ်ပေမဲ့
ခပ်ချေချေကောင်လေးဂျုံအင်းဖြစ်၏ ။
ထို့ကြောင့် ဂျုံအင်းအပေါင်းအသင်းလုပ်သူမှာ
ဆယ်ဟွန်းနှင့် ချန်းယောလ် နှစ်ယောက်သာရှိသည်။ဆယ်ဟွန်းနှင့်ချန်းယောလ်သည်လည်းပဲ
ကျောင်း၏ ပေါ်ပြူလာကျောင်းသားလေးတွင်
ပါဝင်သည်။ ချန်းယောလ်က အပေါင်းအသင်းများပြီး အပြုံးအရယ်များကိုရက်ရောပေမဲ့ ဆယ်ဟွန်းကတော့
ဂျူံအင်းနှစ်ဆ ချေသည် ။ဤသည်မှာ
ဂျူံအင်းအကြောင်း
တစ်စေ့တစ်စောင်းပင်ဖြစ်သည်။___
နေသာသောနေ့ရက်ဖြစ်သည်။
တစ်နည်းဆိုသော် ဂင်ဂျုံအင်း
Forever Alone ဘဝကနေ
အချစ်ရှာတွေ့သွားမည့် နေ့ရက်ဆိုလဲမမှားပေ ။ထိုနေ့က ဂျုံအင်းအလွန်အိပ်ချင်နေသည်။
ညက ဂိမ်းကစားလိုက်တာ မနက်သုံးနာရီမှ
အိပ်ဖို့ သတိရသောကြောင့် အိပ်ချိန်မပြည့်ဝကာ
စိတ်ကလဲနောက်ကျိကျိဖြစ်နေသည် ။ကျောင်းဝင်းထဲလမ်းလျှောက်ဝင်လာတော့လဲ
မျက်ခွံတွေကခဏခဏ မှိတ်ကျချင်နေသည်။