အပိုင်း(၆)

588 15 2
                                    

နေပြည်တော်က အမှန်​​တော့သာယာပါတယ်​။ ဒါ​ပေမဲ့ အပူ​တွေ အလွမ်း​တွေကိုသယ်​လာခဲ့တဲ့ ကျွန်​​တော့်​လို လူတစ်​​ယောက်​အတွက်​​တော့ မက်​​မောစရာ သိပ်​မရှိလှပါ။

တက်​​နေရတဲ့အတန်းကလည်း တက္ကသိုလ်​ဝင်​ခွင့်​အတွက်​ ဆို​တော့ အ​သေအချာကိုကြိုးစား​နေရတယ်​။ စာ​တွေဘယ်​​လောက်​များများ ​ခေါင်းထဲထည့်​ပြီး ကျက်​​နေ​ပေမဲ့ ဇွဲ ​လေးကိုသတိရတတ်​တဲ့ စိတ်​​တွေကို ထိန်းချုပ်​လို့်မရ။

သတိရလို့ လိုင်း​ပေါ်တက်​လိုက်​တိုင်း သူ့ရဲ့ feel post​တွေသာ ​တွေ့​နေရတယ်​ စိတ်​မပျက်​တဲ့အပြင်​ ပိုပြီး​တော့​တောင်​ သနား​နေမိတယ်​။ဒါ​ပေမဲ့လည်း အခုချိန်​မှာ စိတ်​အလိုအတိုင်း ပြုမူချင်​လို့မှမရတာ။ လူကသာ ဇွဲ နဲ့​ဝေးတဲ့ ​နေရာကို​ရောက်​​နေ​ပေမဲ့ စိတ်​​တွေက​တော့ ဇွဲရဲ့အရိပ်​ပမာ။ အရမ်းလွမ်းလိုက်​တာကွာ။

တစ်​ချိန်​ချိန်​​ရောက်​ရင်​​တော့ ပြန်​ဆုံဆည်းမှာပါဆို​ပေမဲ့ အဲ့​နေ့မ​ရောက်​ခင်​ အချိန်​ရဲ့ကုစားမှု​ကြောင့်​​ ​မေ့ပစ်​လိုက်​မှာ အရမ်းစိုးရိမ်​​နေမိတယ်​။

တက္ကသိုလ်​ဝင်​ခွင့်​​ဖြေပြီး​တော့ ကျွန်​​တော့်​ရဲ့ကြိုးစားမှု ရလဒ်​ထွက်​လာခဲ့တယ်​။ ဂုဏ်​ထူး၅ဘာသာနဲ့​အောင်​မြင်​ခဲ့တဲ့ ကျွန်​​တော်​ ​ဆေး​ကျောင်းအမှတ်​မမီ​ပေမဲ့ နိုင်​ငံခြားဘာသာ တက္က္ကသိုလ်​မှာ အင်္ဂလိပ်​စာအထူးပြုယူဖို့ဆုံးဖြတ်​လိုက်​တယ်​။

အိမ်​က​တော့နေပြည်တော်​မှာ ဆက်​နေဖို့အကြံ​ပေး​ပေမဲ့ ဇွဲ ​လေးနဲ့မခွဲချင်​​တော့ဘူး။ ကျွန်​​တော်​​နေပြည်တော်ကို ​ကျောင်းလာတက်​တဲ့နှစ်​မှာပဲ ဇွဲ တို့အိမ်​​ပြောင်းသွားကြတယ်​လို့သတင်းကြားထားတယ်​။ ကျွန်​​တော့်​အတွက်​ ​မျှော်​လင့်​ချက်​​တွေမဲ့ခဲ့တယ်​ ဒါ​ပေမဲ့ဇွဲကိုရှာဖို့က ကျွန်​​တော့်​နှလုံးသား​လေးရဲ့ အမိန့်​​တော်​တစ်​ခုဖြစ်​​နေတယ်​။

ဆု​တောင်းတစ်​ခုက ဇွဲ ​လေးကျွန်​​တော့်​ကို​စောင့်​​နေပါ​စေ။ ရန်​ကုန်​ကအိမ်​ကိုပြန်​​ရောက်​​ရောက်​ချင်း ဇွဲ ​နေခဲ့အိမ်​​လေးကို သွားကြည့်​​သေးတယ်​။ လူသစ်​​တွေ​တောင်​ ​နေသားကျ​နေကြပြီ။ ကျွန်​​တော်​ဇွဲကိုပစ်​ထားခဲ့တာ အချိန်​​တော်​​တော်​ကြာသွားပြီပဲ။စာနဲ့ပဲလုံးပမ်း​နေရ​တော့ အချိန်​​တွေကုန်​မှန်းမသိကုန်​ခဲ့ပြီ။. . . . . . . . .
. . . .. . . . . . . . . . .. . . . .. . . . .

ကျွန်​တော့ချစ်​သူ လူဆိုး​လေးWhere stories live. Discover now