Ep 3

733 44 7
                                    

Mrs.Jeon : သား... ဒီနေ့ wedding dressရွေးရမယ့်နေ့မလား 😊

Jk : သားမအားဘူး omma... နောက်နေ့မှပဲ သွားလိုက်မယ်

Mrs.Jeon : weddingက နောက်တစ်ပတ်လေ သားရယ်... ဒီနေ့မရွေးရင် နောက်ကျသွားမှာပေါ့ သွားလိုက်ပါနော် Taeကိုဖုန်းဆက်ထားတယ် သားလာခေါ်မယ်လို့..... 😊

omma ပြုံးနေတာတွေ့တော့ ကျနော်လည်းဆက်မပြောချင်တော့ဘူး ကျနော်မသွားရင်ommaအပြုံးတွေ ပျောက်သွားမှာကြောက်မိတယ်

Jk : ဟုတ်ကဲ့ပါ omma... သားသွားလိုက်မယ်

Mrs.Jeon : ကားကိုဂရုစိုက်မောင်းနော် 😊

ကျနော်ommaပြောသလို Taeဆီကို မောင်းလာခဲ့တယ် ကျနော်ရောက်ပီလို့ ဖုန်းဆင်လိုက်တော့ သူမထွက်လာတယ် သူမဝတ်ထားတဲ့ပုံစံက ခပ်ဟော့ဟော့နဲ့လူကြီးဆန်လွန်းတယ် အသက်ကဖြင့် 22ပဲရှိသေးတာကို လူငယ်ဆန်ဆန် ဂျင်းစကပ်လေးတွေ ဂျင်းဘောင်းဘီလေးတွေမဝတ်ဘူး အမြဲတမ်းကိုယ်ကျပ်အင်္ကျီပေါင်တိုနဲ့ လည်ပင်းလည်းတစ်ခါတစ်လေ ဟိုက်သေးတယ် ဆံပင်ကလည်းအလိတ်ကြီးတွေကောက်တတ်သေးတယ် ကုမ္မဏီကိုဦးဆောင်နေတဲ့ CEOဆိုတော့လည်း လူကြီးဆန်ဆန်နေရတာပေါ့လေ သူမပုံစံကိုလူငယ်ဆန်ဆန်သာဝတ်ပေးလိုက်ရင် 18နှစ်လောက်ပဲထင်ရမှာ အခုဝတ်ထားတာက ကျနော်ကြိုက်တဲ့အနီရောင်ကိုယ်ကျပ်ဂါဝန်ပေါင်တိုလေးဝတ်ပီး ထွက်လာတယ်။ ကျနော်လည်းသူမကိုကြည့်ရင်းတွေးနေပီး သူမခေါ်မှပဲ သတိပြန်ရတော့တယ်။

Tae : ကိုကို.... ကိုကို

Jk : ဟင်

Tae : ဘာတွေကြောင်ကြည့်နေတာလဲ သွားမယ်လေ

Jk : omm

Tae : Tae လှလို့ငေးကြည့်နေတာလား 😊

Jk : စိတ်ကူးမယဉ်နဲ့ ငါ့မျက်လုံးထဲမှာ မင်းကဘယ်တုန်းကမှမလှဘူး

Tae : သိပါပီ တစ်ခါတစ်လေလေးတောင် လှတယ်မပြောဘူး စိတ်ပုပ်လိုက်တာ 😞

Jkကိုကြည့်ရင်းစူပုပ်ပုပ်လေးပြောလိုက်တယ် wedding ဆိုင်ရောက်တော့.... Jk ကသူဝတ်စရာရှိတာဝတ်ပီး စောင့်နေတယ် Taeကတော့... ဟိုဟာရွေး ဒီဟာရွေးနဲ့ စိတ်တိုင်းမကျသေးဘူးဖြစ်နေတယ်။

LOVELORNWhere stories live. Discover now