နှလုံးသားရဲ့အတွင်းဘက်တစ်နေရာ

313 26 2
                                    

အကွာအဝေးတွေက သံယောဇဉ်ကြိုးမျှင်ကို ဖြည်းဖြည်းချင်းပါးလျလာစေမယ်လို့ မထင်ခဲ့မိပါရဲ့။
ကိုယ်သည်သာ စိတ်ချင်းနီးခဲ့သူမို့။

ပြောနေကျ ခပ်ပျော်ပျော်အသံအောက်က နာကျင်ခြင်းကို မင်း ခံစားမိလိမ့်မယ်လို့ ထင်ခဲ့မိပါရဲ့။
ကိုယ်သည်သာ မျှော်လင့်ခဲ့သူမို့။

အနားမှာ မင်းတစ်ယောက်တော့ ကျန်နေကောင်းမှာပါလို့ ထင်ခဲ့မိပါရဲ့။
ကိုယ်သည်သာ စိတ်ကူးရွက်လွှင့်ခဲ့သူမို့။

မင်း အတွက် ဒီဖြစ်တည်မှုက သာမန်အစိတ်အပိုင်းလေးလို့မမှတ်ယူလောက်ပါဘူးလို့ ထင်ခဲ့မိပါရဲ့။
ကိုယ်သည်သာ အရာအားလုံးထက် ဦးစားပေးခဲ့သူမို့။

စိတ်မပူပါနဲ့။

ကိုယ့်ဘက်က မပြောင်းလဲပါဘူး
မင်းကိုကမ္ဗည်းတင်ထားတဲ့ နေရာက ခပ်နက်နက်မို့
သိမ်မွေ့တဲ့မေတ္တာတရားကို တစ်နေ့တော့ မင်း မြင်မှာပါ။

ဒါပေမယ့်လည်းလေ…

တန်ပြန်သက်ရောက်မှုဆိုတာ နယူတန်ရဲ့နိယာမထဲမှာသာ ရှိတယ်ထင်ပါရဲ့။

You've reached the end of published parts.

⏰ Last updated: Oct 03, 2018 ⏰

Add this story to your Library to get notified about new parts!

သိုဝှက်ထားသော (စကားစုများ)Where stories live. Discover now